အမြို့မြို့အနယ်နယ်သတင်းများ

May 16,2024
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ရုံးစာရေးသားနည်း (ဆင့်ပွား) သင်တန်းကို ယနေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
May 16,2024
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ခဲ့သော ရှေးဦးသူနာပြုစုနည်း သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီခွဲကပြုလုပ်ကြောင်း သိရသည်။
May 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ အမှတ်(၂)ရပ်ကွက်ရှိ မကုဋာရုံ ကျောင်းတိုက်သို့ သောက်သုံးရေများ ယနေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့သည်။
May 16,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ လေပြင်းဘေးနှင့်မိုးကြိုးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ခြင်းကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့နံနက် (၉) နာရီက ပြုလုပ်ခဲ့သည်။
May 16,2024
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ ကျင်းပမည့် ကဆုန်ညောင်ရေ သွန်းပွဲတော် အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
May 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူနှင့်  အဖွဲ့ဝင်များ၊ မြို့နယ်ဌာန ဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
May 16,2024
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် သစ်တောဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ကျောင်းသူများအား သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးဆိုင်ရာ အသိပညာများတိုးပွားလာစေရန်၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၏ အခြေခံအကြောင်းအရင်းများကို သိရှိနားလည်တန်ဖိုးထားတတ်စေရန်၊ သစ်တောများနှင့်ရေဝေရေလဲဒေသများကို ထိန်းသိမ်းစောင့်ရှောက်တက်စေရန်နှင့် သစ်တောများ၏အကျိုးကျေးဇူးများကို သိရှိနားလည်စေရန်ရည်ရွယ်၍ သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက်ပိုင်းက အ.ထ.က(ထန်းတပင်)ကျောင်း၊ လှိုင်ရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 16,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် မေလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်က မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုကြောင်း ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ၊ ကျေးရွာများရှိ အိမ်ခြေ ၄၉ အိမ် အမိုးလန်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီး ဆုံးရှုံးမှုများအတွက် လွိုင်လင်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်‌‌ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်ကမ္ဘောဇခန်းမတွင် ပေးအပ်ခဲ့ကြောင်းသိရသည်။