အမြို့မြို့အနယ်နယ်သတင်းများ

May 17,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်ပိုင်းက “အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး” အသိပညာပေးနံရံကပ်စာစောင်ကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 17,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ပြည်သူများထံသို့ အခြေခံစားသောက်ကုန်များအား သက်သာသော နှုန်းထားများဖြင့် ယမန်နေ့နံနက် (၇)နာရီက ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ အကွက် ၅၅၀၊ ၃၄ လမ်း၊ ၈၅×၈၆ လမ်းကြားတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
May 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ဓနုဘေးကျေးရွာ အောင်တမန်စာကြည့်တိုက်တွင် ယမန်နေ့နံနက် ၁၀ နာရီတွင် ဓနုဘေးကျေးရွာ စာပေချစ်မြတ်နိုးသူများနှင့် ပူးပေါင်း၍ ဒို့ကျေးရွာဂျာနယ်ပါ လူငယ်တို့၏ အနာဂတ် မပျက်စီးရေး နိုင်ငံတော်က အစွမ်းကုန် ကြိုးပမ်းဆောင်ရွက် ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
May 17,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ (၁၃၈၆)ခုနှစ် ကဆုန်လပြည့်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ညောင်ရေသွန်းလှူဒါန်းပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာပြုလုပ်ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်၁၀နာရီက ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 17,2024
သံယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကြံခင်းမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ မိုးရာသီတွင် သစ်တောစိုက်ခင်းများ ပြန်လည်ပြုပြင်ထိန်းသိမ်းရန်၊ သဘာဝသစ်တော တိုးမြှင့်စိုက်ပျိုးနိုင်ရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်၊ မျှတသောရာသီဥတုရရှိစေရန်နှင့် အပူဒဏ်အန္တရာယ်ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး လူထုဖြန့်ပျိုးဥယျာဉ်ဘိနယ်(၇)ခုတွင် ပျိုးပင်ပေါင်း(၁၂၀၀၀၀) ပျိုးထောင် ထားရှိကြောင်း ယနေ့နံနက်ပိုင်းက မြို့နယ်သစ်တောဦးစီးအရာရှိ ဦးမျိုးမင်းထွန်းထံက သိရသည်။
May 17,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများနှင့်စာဖတ်ပရိသတ်များအား လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ လူကူးသန်းရောင်းဝယ်ခြင်းတွင် အသုံးပြုသောနည်းလမ်းများအကြောင်းသိရှိစေရန်ရယ်ရွယ်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်များ ပြသခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း (Book Club)၊ လူငယ်အသင်း (Youth Club)တို့ ပူးပေါင်း၍ ခင်စောတင့်ရေးသားသည့် စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁ဝး၀၀)နာရီက မြို့ရုံးလူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။