တန့်ယန်းမြို့နယ်တွင် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲနှင့် လုပ်ငန်းဆိုင်ရာ အစည်းအဝေး (၃/၂၀၂၄) ကျင်းပ

တန့်ယန်း  မေ ၁၇

ရှမ်းပြည်းနယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ခရိုင်အဆင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍရေးနှစ်အတွက် ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားနှင့် လုပ်ငန်းဆိုင်ရာအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၄) ကို ယမန်နေ့နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ထွန်းလွင်အောင်က ၂၀၂၄-၂၀၂၅ ဘဏ္ဍရေးနှစ်အတွက် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြာပြီး ခရိုင်အဆင့် တာဝန်ရှိသူများ၊ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့မှ တာဝန်ရှိသူများအား ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခဲ့သည်။

ယင်းနောက် လုပ်ငန်းဆိုင်ရာ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၄)အား ဆက်လက်ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ထွန်းလွင်အောင်က ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ သစ်တော၊ မြို့သန့်ရှင်းသာယာလှပစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာနိုင်ရေး၊ မီးဘေးလုံခြုံမှုရှိစေရေးနှင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာမှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ရှင်းလင်းပြောကြားပြီး ခရိုင်အဆင့်၊ မြို့နယ်အဆင့် တာဝန်ရှိသူများက လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။              

 မင်းလွင်ဦး (တန့်ယန်း)