အမြို့မြို့အနယ်နယ်သတင်းများ

May 16,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနာဆိုင်ရာများပူပေါင်း၍ မြို့နယ်အတွင်း ဆန်ဆိုင်များအား စျေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေးနှင့် စျေးနှုန်းတည်ငြိမ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဆန်ဆိုင်များသို့ သွားရောက်၍ ကုန်စည်စျေးနှုန်း ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 16,2024
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲမှုစစ်ဌာချုပ်(ကလေး) ဒေသကွပ်ကဲရေးမှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မေလ ၁၄ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ကလေးခရိုင်၊ ကလေးမြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
May 16,2024
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ဆီထွက်သီးနှံ (မြေပဲ၊နှမ်း၊နေကြာ) အထူးဇုန်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေး ပညာပေးသင်တန်းကို မေ ၁၆ ရက် မွန်းလွဲ ၁ နာရီအချိန်က ရမည်းသင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
May 16,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ပြည်သူများ ကျောင်းအပ်နှံရေး သီတင်းပတ်ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရန်ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” အသိပညာပေး ပိုစတာစိုက်ထူပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက တာမွေမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်း‌ရှေ့တို့တွင် အသီးသီးကျင်းပပြုလုပ်ခဲ့သည်။
May 16,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ မိုင်းလမ်းကျေးရွာအုပ်စု မိုင်းလမ်းကျေးရွာ၊ ခန္တောကျေးရွာအုပ်စု ကျောက်အိုးကျေးရွာ၊ ညောင်ဂျစ်ကျေးရွာ အုပ်စု ညောင်ဂျစ်ကျေးရွာနှင့် ရစ်ကန်ကျေးရွာအုပ်စု၊ ကျားတွင်းကျေးရွာတို့တွင် ယမန်နေ့ ညနေ(၆)နာရီ(၃၀)မိနစ်အချိန်က လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
May 16,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) သို့ စာအုပ်စာစောင်များနှင့်အလှူငွေများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က လားရှိုးခရိုင်လူထုအခြေပြုဗဟိုဌာနရှိ သင်တန်းခန်းမတွင် ကျင်းပသည်။
May 16,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ကျင်းပသည်။
May 16,2024
မြန်မာ-တရုတ်ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ်အဖြစ် တရုတ်ခရီးသွားများ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ညောင်ဦးမြို့နယ်၊ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသသို့ ရောက်ရှိလာခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ (ပုဂံရုံးခွဲ)တာဝန်ရှိသူများထံက သိရသည်။