အမြို့မြို့အနယ်နယ်သတင်းများ

May 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စဥ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ အပတ်စဥ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်၊ ကျေးရွာစာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
May 17,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ဖွင့်လှစ်လျက်ရှိသော မြို့နယ်အဆင့် ကင်းထောက်လူငယ်သင်တန်း၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများအား လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
May 17,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
May 17,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် သောက်သုံးရေအခက်အခဲမဖြစ်စေရေးအတွက် သောက်ရေသုံးရေများ လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှ ကျောက်တန်းကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာသို့ သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
May 17,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌  အသိပညာဗဟုသုတ တိုးပွားရရှိစေရေးစာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကို ယ​မန်နေ့ နံနက်ပိုင်းက ကျင်းပရာ၊​ ကျောင်းသား/သူများ၊ မိခင်နှင့် က​လေး​စောင့်​ရှောက်​ရေးအဖွဲ့ဝင်များ တက်​ရောက်ရောက်ခဲ့ကြသည်။
May 17,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ သစ်တောဦးစီးဌာန၊ ချယ်ရီခန်းမ၌ ယမန်နေ့နံနက် (၁၁) နာရီက သစ်တောသစ်ပင်နှင့် ဇီဝမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်သည်။
May 17,2024
ပဲခူးတိုင်း‌ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ နွေစပါးအထွက်နှုန်းသိရှိစေရေးအတွက် လူငယ်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းလီမိတက်ရှိ ကွင်းအမှတ် ၈၀၂-ခ၊ ဦးပိုင်အမှတ် ၂/၅ စိုက်ဧက(၃.၁၄)ဧကတွင် လက်ဆွဲကောက်စိုက်စက်ဖြင့်စိုက်ပျိုးထားသော နှံကောက်စပါးမျိုးအား မေလ (၁၅)ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ စံကွက်ရိတ်သိမ်းရာ တစ်ဧကပျှမ်းမျှအစို တင်း(၁၄၁.၉၆)ဧကထွက်ရှိကြောင်း သိရသည်။
May 17,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် အခြေခံပညာဦးစီးဌာနမှကြီးမှူး၍ လူငယ်များ၏ မျိုးချစ်စိတ်ရှိမှု၊ စွမ်းရည်သတ္တိရှိမှု၊ သူတစ်ပါးအတွက် ကူညီဆောင်ရွက်တတ်မှု၊ အကျင့်စာရိတ္တကို ပြုပြင်ခြင်း၊ သစ္စာရှိမှု၊ အများပြည်သူအကျိုးရှိသော ဝန်ထမ်းမှု၊ မိမိအတွက် အသုံးဝင်သော လက်မှုပညာသင်ယူလေ့လာခြင်း စသည့်ဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တဗလများ တိုးတက်မှုကို အားပေးခြင်းဖြင့် လူငယ်တိုင်း နိုင်ငံသားကောင်းဖြစ်ထွန်းလာစေရန်ရည်ရွယ်၍  နွေရာသီကင်းထောက်လူငယ်သင်တန်းကို မေလ ၁၅ ရက်နေ့ နံနက်ပိုင်းက အ.ထ.က(မိုင်းဆတ်) မြတ်ပညာခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။