ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ကွန်ဟိန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများဖြင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နိုင်ရန် တွေ့ဆုံပွဲ ကျင်းပ

ကွန်ဟိန်း မေ ၁၇

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၈ နာရီခန့်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး ငွေနှင့် အာဟာရဖြစ်စေမည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ ဆေးရုံဝင်လမ်း၊ နမ့်ပန်ချောင်း ကမ်းစပ်တစ်လျှောက် View Point ပြုပြင်ရန် ငွေကျပ် သိန်း (၅၀)အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်ထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကွန်ဟိန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကွန်းဟိန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမူရေးအသင်းအဖွဲ့များ၊ ရပ်မိ/ရပ်ဖများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နိုင်ရန် တွေ့ဆုံပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဝင်းနိုင်မှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပညာရေးဆိုင်ရာကိစ္စရပ်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသည့် ကွန်ဟိန်းမြို့ ရပ်မိ/ရပ်ဖ ဦးစိုင်းနုမှ ဒေသ၏လိုအပ်ချက်များ တင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြမှုအပေါ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိဂုံးချုပ်အမှာစကားပြောကြားပြီး ကွန်ဟိန်းမြို့နယ်အတွင်း လိုအပ်သည့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ် (၁၀)သိန်း ထောက်ပံပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဝင်းနိုင်က လက်ခံရယူခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)