ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်ပြပွဲပြုလုပ်

ရေဖြူ မေ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) တွင် ယနေ့နံနက်၉နာရီအချိန်က ကျောင်းသား/သူများနှင့် အများပြည်သူများလေ့လာသိရှိနိုင်ရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးစာစောင်များကို ကပ်ထားကာ ပြသထားလျက်ရှိသည်။

အဆိုပါ နံရံကပ်ဘုတ်တွင် ကလေးအသက်အရွယ်၊ ကလေးများအား ခေါင်းပုံဖြတ်အမြတ်ထုတ်မှု၊ ကလေးအလုပ်သမားပပျောက်ရေးဆောင်းပါး၊ ကဗျာစသည့်အကြောင်းအရာများကိုပြသထားရှိခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ‌ဆောင်ရန်ရှောင်ရန်ဆိုင်ရာ အသိပညာပေးစာစောင်ကိုလည်း ကပ်ပေးထားသောကြောင့် မည်သူမဆိုလာရောက်လေ့လာဖတ်ရှုနိုင်ပါကြောင်း သိရသည်။

ခတ္တာ