နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းညွန့်နှင့် ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ​မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာ၊ ဆရာမများ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့နှင့် အလှမ်းဝေးသည့် ကျေးရွာများ အား ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက သံပုရာကုန်းကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်၊ Lawkanat (Myanmar) Group Co.Ltd နှင့် ဂျပန်နိုင်ငံ MedPa Fukuoka Association မှ လှူဒါန်းသော စာရေးကိရိယာပစ္စည်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှတစ်ဆင့် တိုင်းဒေသကြီးပညာရေးမှူးရုံးသို့လှူဒါန်း

မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Lawkanat(Myanmar) Group Co,Ltd. နှင့် ဂျပန်နိုင်ငံ MedPA Fukuoka Association မှ လှူဒါန်းထားသော စာရေးကိရိယာ ပစ္စည်းများအား လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မကွေးမြို့ မြို့တော် ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ တရား သူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ တက္ကသိုလ်များမှ ပါမောက္ခချုပ် များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်မှ ပညာရေးမှူးများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

မိုးညိုမြို့နယ်၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်(၂)လုံးအတွက် ထောက်ပံ့ ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညို​မြို့နယ်‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ဇွန်လ (၆) ရက်နေ့တွင် လက်ပံခုံကျေးရွာအုပ်စု၊ ဘူးခုံကျေးရွာတွင် ဇွန်လ ၆ ရက်နေ့က မြစ်ကမ်ပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၂)လုံးအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျေးရွာနေအိမ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် သန့်ရှင်းရေးဆောင်ရွက်ပေးနေမှုအား လေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မြင့်သောင်းနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေး

မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ကျောင်းဝင်းအတွင်းရှိ ချုံနွယ်များ၊ အမှိုက်များ၊ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ရန်မျိုးအောင်ရပ်ကွက် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ စုပေါင်း၍ သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့ ရွာသစ်ကျေးရွာတွင် အခြေခံပညာမူလတန်းကျောင်းသစ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြမြို့၊ တောင်ဒီးကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာတွင် အခြေခံပညာမူလတန်းကျောင်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၄း၀၀) နာရီအချိန်က တက်ရောက်ခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်၌ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ် ရရှိတော်မူကြသော ဆရာတော်ကြီးများနှင့် သာသနာ့နွယ်ဝင်သီလရှင်ဆရာကြီးများအား ချီးကျူးဂုဏ်ပြုပူဇော်သည့် ဂုဏပူဇာသဘင် ကျင်းပနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့လယ်သာသနာ့ဗိမာန်တော်ကြီးတွင် ယမန်နေ့မွန်းလွှဲ (၂)နာရီက သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ် ရရှိတော်မူကြသော ဆရာတော်ကြီးများနှင့် သာသနာ့နွယ်ဝင်သီလရှင်ဆရာကြီးများအား ချီးကျူးဂုဏ်ပြုပူဇော်သည့် ဂုဏပူဇာသဘင် ကျင်းပနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့ ဧရာဝတီမြစ်အတွင်း၌ ဘိလပ်မြေအိတ်ပေါင်း ၅၀၀၀၀ ကျော် တင်ဆောင်လာသော ကုန်တင်ရေယာဉ် တွဲသင်္ဘောယာဥ်တစ်စီး နစ်မြုပ်မှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ ကျွဲသိုးမြောင်ကျေးရွာအနီးရှိ ဧရာဝတီတံတား(မကွေး) မင်းဘူးဘက်ခြမ်း၌ ယမန်နေ့ညနေပိုင်းက ဧရာဝတီမြစ်အတွင်း ဘိလပ်မြေ အိတ်ပေါင်း ၅၀၀၀၀ ကျော် တင်ဆောင်လာသော ကုန်တင်ရေယာဥ် တွဲသင်္ဘောယာဥ်တစ်စီး နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရသည်။

နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား မျိုးသန့်မျိုးပွားမျိုးစေ့အဆင့် မကွေးနှမ်းနက် ၂/၁၄ မျိုးများ ထောက်ပံ့ပေးအပ်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား မကွေးနှမ်းနက် ၂/၁၄ မျိုးများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

လားရှိုးမြို့အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်

လားရှိုးမြို့အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့တော်ခန်းမတွင် ကျင်းပသည်။

မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ မူးယစ်ဆေးဖြတ်ပြီးသူ(၆၅)ဦးကျော်အား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ စောင့်ရှောက်မှုများဆောင်ရွက်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ပြန်လည်ထူထောင်ရေးစခန်းအသီးသီးတွင် မူးယစ်ဆေး ဖြတ်ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံးတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ ယနေ့အထိ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုခံယူပြီးသည့် မူးယစ်ဆေးဖြတ် သင်တန်းသား (၆၅)ဦးကျော်ရှိပြီးဖြစ်ကြောင်း ယနေ့နံနက်ပိုင်းအချိန်က အဆိုပါမူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံး စုပေါင်းခန်းမ၌ ပဉ္စမအကြိမ်မြောက် ကျင်းပပြုလုပ်သည့် မူးယစ်ဆေးဖြတ်သင်တန်းသားများအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပွဲ အခမ်းအနားမှ သိရသည်။
Subscribe to