ကျောက်ဆည်မြို့တွင် သားအိမ်ခေါင်းကင်ဆာအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်း အနော်ရထာခန်းမတွင် ယနေ့နံနက်(၉)နာရီက သားအိမ်ခေါင်းကင်ဆာ ကျန်းမာရေးအသိပညာအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ခရိုင်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး သားအိမ်ခေါင်ကင်ဆာ အကြောင်းအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

သရက်ချောင်းမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးခြင်းနှင့် သင်တန်းပေးခြင်းအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးခြင်းနှင့် သင်တန်းပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀နာရီအချိန်က အဆိုပါဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပေါင်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်း   နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီက (အ.ထ.က ) နတ်ကြီးချောင်ခန်းမ၌ ကျင်းပခဲ့သည်။

ဟိုပုံးမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့ အထိမ်းအမှတ် လူငယ်စကားဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့ အထိမ်းအမှတ် လူငယ်စကားဝိုင်းကို ယနေ့မွန်းလွှဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်သည်။

ကျောက်ဆည်မြို့တွင် (စတုတ္ထ)အကြိမ် ပြည်သူ့သက်သာဈေးဆိုင်များဖွင့်လှစ်ပြီး ဆန်၊ ဆီ၊ ကြက်ဥ၊ ဝက်သား၊ အမဲသားများအား ဈေးနှုန်းသက်သာသောစွာဖြင့်ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ကုန်ဈေးနှုန်းများကျဆင်းရေး၊ ရေတိုစီမံချက်အနေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စတုတ္ထအကြိမ် ပြည်သူ့သက်သာဆိုင်များဖွင့်လှစ်ပြီး ဆန်၊ ဆီ၊ ကြက်ဥ၊ ဝက်သား၊ အမဲသားများအား ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးခြင်းကို ယနေ့နံနက်(၇)နာရီက မြို့မဈေး ပြည်သူ့သက်သာဈေးဆိုင်များတွင် ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၌ ဆုရရှိသူများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၌ ဆုရရှိသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို  ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့  နေ့လယ် ၁၂ နာရီအချိန်က ကျင်းပပြုလုပ်ကြောင်းသိရသည်။

ချမ်းအေးသာစံမြို့နယ် အ.လ.က (၇) တွင် လူငယ်ရေးရာ ဟောပြောပွဲ ကျင်းပ

အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ ဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ အ.လ.က -  ၇ တွင် ကျင်းပခဲ့သည်။

၂ဝ၂၃ ခုနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ဖွင့်ပွဲကျင်းပ

၂ဝ၂၃ ခုနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးကွင်း မိုးလုံလေလုံအားကစားခန်းမတွင်  ကျင်းပခဲ့သည်။

ဖြူးမြို့နယ်ရှိ ငမြွေရေလှောင်တမံ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး ရေဝင်ရောက်မှုအ‌ခြေအနေအား ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်း‌ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိငမြွေရေလှောင်တမံအား မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရန် ရေလှောင်တမံအတွင်းရေဝင်ရောက်မှုနှင့် ရေလှောင်တမံခိုင်ခံ့မှု အခြေအနေ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ပြီး လက်တံမြောင်းအတွင်း ဒိုက်၊ နုန်း၊ သဲမြေများဖယ်ရှားရှင်းလင်းဆောင်ရွက်သွားရမည့် အခြေအနေများကို ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုင်းခတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်)၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်) တို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ အတွေးအခေါ်အယူအဆများနှင့် လူအများရှေ့တွင် ပြောဆိုဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ပိုမိုရရှိစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က အခြေခံပညာအထက်တန်း ကျောင်း (မိုင်းခတ်) ရှိ Grade-10 စာသင်ဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to