ရွှေတောင်မြို့နယ်၌ ရာသီဥတုအညွှန်းကိန်းသီးနှံအာမခံလုပ်ငန်း အသိပညာပေးဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ပြည်ခရိုင် မြန်မာ့အာမခံလုပ်ငန်းမှ ယမန်နေ့မွန်းလွဲပိုင်း(၁း၀၀) နာရီက ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံလုပ်ငန်း အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့သည်။

ပန်းတနော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ပန်းတနော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ပန်းတနော် ဇွန် ၈ ပြည့်ဖြိုးကျော်(ပြန်/ဆက်)

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ လားရှိုးတပ်နယ် ၂၀၂၄ ခုနှစ် (ပထမ) အကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ လားရှိုးတပ်နယ် ၂၀၂၄ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက်ပိုင်းက လားရှိုးမြို့တွင် ကျင်းပခဲ့ကြောင်းသိရသည်။

တမူး​မြို့တွင် ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေး ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

စစ်ကိုင်းတိုင်း​ဒေသကြီး၊ တမူးမြို့တွင် ကျောင်းသား၊ ကျောင်းသူများ ရောဂါပိုးမွှားကင်းစင်ပြီး စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ခြင်းကို ဇွန်လ(၈) ရက် နံနက် (၇) နာရီအချိန်က အမှတ် (၅) အခြေခံပညာ အထက်တန်း ကျောင်း (ခွဲ)၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် သစ်တောသစ်ပင်များ ချစ်မြတ်နိုးလာတတ်စေရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရန် ရည်ရွယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါမြို့နယ်ရှိ လောကမဏိစူဠာဘုရားဝင်းအတွင်း၌ ကျင်းပသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်တိုင်းရင်းဆေးရုံကြီး ကွင်းဆင်း ဆေးကုသရေးအဖွဲ့မှ ဆေးကုသနေမှုအား လာရောက်ကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်တိုင်းရင်းဆေးရုံကြီး ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအုပ်စု၊ ရှားစေးဖိုကျေးရွာ ဘက်စုံသုံး ခန်းမ၌ ကွင်းဆင်းဆေးကုသနေမှုအား ယနေ့နံနက်ပိုင်းက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

လားရှိုးမြို့တွင် (၃၁) ကြိမ်မြောက် နိကာယ်စာမေးပွဲကျင်းပရာ သံဃာတော်နှင့် သီလရှင် (၂၁၀)ပါး ဖြေဆို

သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၃၁)ကြိမ်မြောက် နိကာယ်စာမေးပွဲကို ယမန်နေ့ မွန့်တည့် (၁၂)နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးစာဖြေဌာနဖြစ်သည့် ပန်အုပ်ပရိယတ္တိစာသင်တိုက်တွင် ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ်တွင် သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့နေမှုအား ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရန် ရှင်းလင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်းအနီး ပွင့်ဖြူ-မင်းဘူး- မကွေးသွား ကားလမ်းတွင် ယမန်နေ့က သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားနေကြောင်း သိရ၍ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် ပူးပေါင်းပြီး သွားရောက်ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်၌ ပုဂ္ဂလိက စက်သုံးဆီဆိုင်များကို ရှောင်တခင်စစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး အခြင်အတွယ်နှင့် အရည်အသွေး သတ်မှတ်စံချိန်စံညွှန်းအတိုင်း ဖြစ်စေရေးအတွက် တာဝန်ရှိသူများက ပုဂ္ဂလိက စက်သုံးဆီဆိုင်များကို ဇွန်လ ၆ ရက်နေ့က ရှောင်တခင်စစ်ဆေးခဲ့သည်။
Subscribe to