မိုးညို ဇွန် ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ဇွန်လ (၆) ရက်နေ့တွင် လက်ပံခုံကျေးရွာအုပ်စု၊ ဘူးခုံကျေးရွာတွင် ဇွန်လ ၆ ရက်နေ့က မြစ်ကမ်ပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၂)လုံးအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျေးရွာနေအိမ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသည့် နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀၀၀ဝိ/-)ကျပ်နှင့် အိမ်ထောင်စု (၂) စုရှိလူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၈၄၀ဝိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၀၈၄၀ဝိ/-)ကျပ်အား ဘေးအန္တရာယ်ဆ်ိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ စာရေးဝန်ထမ်းတို့နှင့်အတူ ဘေးသင့် ပြည်သူထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)