မိုင်းဖြတ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေတိုက်စားပျက်စီးခဲ့သည့်​ ရပ်ကွက်ချင်းဆက်လမ်း၌ ယာယီတံတားတစ်စင်းဆောင်ရွက်​

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဇွန်လ ၆ ရက် ညနေပိုင်းက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် Box Culvert တံတားတစ်စင်းနှင့် ကွန်ကရစ်လမ်း ရေတိုက်စားပြိုကျပျက်စီးခဲ့ရာ ယမန်​နေ့ည​နေပိုင်းက အများပြည်သူများ ဖြတ်သန်းသွားလာနိုင်​ရေးအတွက် ယာယီတံတားတစ်စင်း ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြေသော အခြေခံပညာစာသင်ကျောင်းများအား ဖော်ဆောင်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေး အတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းဝင်းအတွင်း၊ ဘေးပတ်ဝန်းကျင်ရှိ ချုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်း ဆောင်ရွက်နေ မှုနှင့် မြေထိန်းနံရံကာရံပြီးစီးမှု အခြေအနေများကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မိုးဦးကျရာသီရောက်ရှိလာပြီးဖြစ်၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဦးစီးဝန်ထမ်းများ ဦးဆောင်၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် Abate ဆေးခတ်ပေးခြင်းလုပ်ငန်းများကို ​ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယ​​နေ့ နံနက်ပိုင်းက မြိုင်သာယာရပ်ကွက်ရှိ နေအိမ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ​ဆောင်ရွက်​နေမှုအ​ပေါ် ကြည့်ရှုအား​ပေးခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့နှင့် (၂၇)ကြိမ်မြောက် အဆင့်မြင့်ပညာအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး

မွန်ပြည်နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် (၂၇)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပညာရေးဒီဂရီကောလိပ်(မော်လမြိုင်)၌ ကျင်းပပြုလုပ်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နေကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်များ၏ ဝင်​ရောက်ယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲဝင်များနှင့် တာဝန်ရှိသူများကို ရင်းရင်းနှီးနှီး လိုက်လံအား​ပေးနှုတ်ဆက်ခဲ့သည်။

ဗန်းမော်မြို့တွင် အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆရာ/ဆရာမများပူးပေါင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင်၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းသာစွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင် ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ် နှင့် အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆရာ/ ဆရာမများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ဇွန်လ ၈ ရက် နံနက် ၇ နာရီက အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ဇေယျာသီရိမြို့နယ်တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန သုတေသနစာတမ်းဖတ်ပွဲ ပိတ်ပွဲနှင့် ဆုပေးပွဲကျင်းပ

စိုက်ပျိုးရေး‌၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ “စိုက်ပျိုးထုတ်ကုန်တိုးတက်ဖို့ နည်းလမ်းမျိုးစုံဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် ပဉ္စမအကြိမ်မြောက် သုတေသနစာတမ်းဖတ်ပွဲ ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက စိုက်ပျိုးရေး သုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက်ဘောလုံးအားကစားကွင်း၌ ယမန်နေ့ ညနေပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ အားကစားဝါသနာရှင်ပရိသတ်များက ပဲခူးခရိုင်ဘောလုံးအသင်းနှင့် သာယာဝတီခရိုင် ဘောလုံးအသင်းတို့ ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ရာ ပဲခူးခရိုင်ဘောလုံးအသင်းက သာယာဝတီခရိုင် ဘောလုံးအသင်းအား (၂)ဂိုး(၁)ဂိုး အနိုင်ရဗိုလ်စွဲခဲ့သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်အသေးစား၊ အငယ်စား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄) သို့ တက်ရောက်

ချင်းပြည်နယ် အသေးစား၊ အငယ်စား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄) ကို ယမန်နေ့ ညနေ ၃ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ချင်းပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်နှင့် MSME အေဂျင်စီအဖွဲ့တွင် ပါဝင်သည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Subscribe to