ကလောမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြည်ရေး၊ သစ်တောများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရာသီဥတုပြောင်းလဲမှုကို သစ်ပင် စိုက်ပျိုးခြင်းဖြင့် ရင်ဆိုင်တုံ့ပြန်နိုင်ရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ်၊ မိတ္ထီလာ - တောင်ကြီးကားလမ်း မိုင်တိုင် (၈၆/၅) အနီးတွင် ယနေ့ နံနက် ၇ နာရီက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။