လားရှိုး ဇွန် ၈
လားရှိုးမြို့အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့တော်ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်က ဂုဏ်ပြုအမှာစကားပြောကြားပြီး အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးရမိမှု အခြေအနေများကို ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှမင်းက ရှင်းလင်းတင်ပြသည်။
ထို့နောက်နယ်မြေအေးချမ်းသာယာရေးနှင့် လုံခြုံရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက ဂုဏ်ပြုဆုငွေများ ပေးအပ်ရာ တပ်မတော်သားများကိုယ်စား ဗိုလ်မှူးကြီးဝေလင်းအောင်နှင့် ရဲတပ်ဖွဲ့ဝင်များကိုယ်စား ရဲမှူးကြီး လှမင်းတို့က လက်ခံရယူခဲ့ကြသည်။
ယင်းနောက်ဂုဏ်ပြုချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)