နတ်မောက် ဇွန် ၈
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား မကွေးနှမ်းနက် ၂/၁၄ မျိုးများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန မကွေးတိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ယုမွန်က စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် စမ်းသပ်တွေ့ရှိချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ဌာနဆိုင်ရာအကြီးအကဲများက မျိုးသန့်မျိုးပွားမျိုးစေ့အဆင့် မကွေးနှမ်းနက် ၂/၁၄ မျိုးစေ့များအား တက်ရောက်လာကြသည့် တောင်သူများအား ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ တောင်သူများအား နှမ်းသီးနှံသုတေသန စမ်းသပ်ကွက် စိုက်ပျိုးထားရှိမှုအား စိုက်ပျိုးနည်းစနစ်များနှင့် ပတ်သက်၍ အကဲဖြတ်ခြင်းများ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာများနှင့် ကျေးရွာများရှိ တောင်သူ စုစုပေါင်း(၇၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း