ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေး ငြမ်းဆင်ခြင်းလုပ်ငန်း လုပ်သားခေါ်ယူခြင်းအတွက် ဈေးပြိုင်လေလံပွဲအခမ်းအနား ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားမင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရန် ကြာမှောက်၊ ကြာလှန်နှင့် ရွဲလုံးကြီးများရှိ ရွှေပြားများ ပြန်လည်ပြုပြင်၍ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးနှင့် ကြာခံကြီး၊ ကြေးဝန်း၊ ရှစ်မြှောင့်ချိုး၊ အရန်စေတီ (၄)ဆူ၊ အထက်ပစ္စယံတို့အား ရွှေသင်္ကန်းကပ်လှူနိုင်ရေး၊ ရွှေမိုက်ထုတ်ယူနိုင်ရေးလုပ်ငန်းများအတွက် ငြမ်းဆင်ခြင်းလုပ်သားခေါ်ယူခြင်းအတွက် ဈေးပြိုင်လေလံတင်ဒါပွဲအခမ်းအနားအား ရွှေစည်းခုံစေတီတော်ကြီး အရှေ့တောင်ထောင့်ရှိ အင်္ဂါထောင့်တန်ဆောင်းတော်အတွင်း ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။