တပ်ကုန်းမြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက် (ရွာသစ်)အခြေခံပညာအလယ်တန်းကျောင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း၊ စာသင်ဆောင်တွင် ကျင်းပခဲ့သည်။