မေတ္တာမြို့၊ လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ TalkShow ပြုလုပ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအား အထွေထွေ ဗဟုသုတ များရရှိတိုးပွားလာစေရေး သိသင့်သိထိုက် သော အကြောင်းအရာများအား သိရှိလာနိုင်စေရေး အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁ဝ နာရီအချိန်က မြို့လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူကုန်ကူးမှုပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ကျင်းပခဲ့သည်။