နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်တိုင်းရင်းဆေးရုံကြီး ကွင်းဆင်း ဆေးကုသရေးအဖွဲ့မှ ဆေးကုသနေမှုအား လာရောက်ကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်တိုင်းရင်းဆေးရုံကြီး ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအုပ်စု၊ ရှားစေးဖိုကျေးရွာ ဘက်စုံသုံး ခန်းမ၌ ကွင်းဆင်းဆေးကုသနေမှုအား ယနေ့နံနက်ပိုင်းက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

လားရှိုးမြို့တွင် (၃၁) ကြိမ်မြောက် နိကာယ်စာမေးပွဲကျင်းပရာ သံဃာတော်နှင့် သီလရှင် (၂၁၀)ပါး ဖြေဆို

သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၃၁)ကြိမ်မြောက် နိကာယ်စာမေးပွဲကို ယမန်နေ့ မွန့်တည့် (၁၂)နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးစာဖြေဌာနဖြစ်သည့် ပန်အုပ်ပရိယတ္တိစာသင်တိုက်တွင် ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ်တွင် သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့နေမှုအား ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရန် ရှင်းလင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်းအနီး ပွင့်ဖြူ-မင်းဘူး- မကွေးသွား ကားလမ်းတွင် ယမန်နေ့က သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားနေကြောင်း သိရ၍ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် ပူးပေါင်းပြီး သွားရောက်ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်၌ ပုဂ္ဂလိက စက်သုံးဆီဆိုင်များကို ရှောင်တခင်စစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး အခြင်အတွယ်နှင့် အရည်အသွေး သတ်မှတ်စံချိန်စံညွှန်းအတိုင်း ဖြစ်စေရေးအတွက် တာဝန်ရှိသူများက ပုဂ္ဂလိက စက်သုံးဆီဆိုင်များကို ဇွန်လ ၆ ရက်နေ့က ရှောင်တခင်စစ်ဆေးခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဥတ္တရသီရိမြို့နယ် ချောင်းမကြီးဆည်၏ ရေဝေရေလဲဧရိယာအတွင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဆည်/ရေလှောင်တမံများ၏ ရေဝေရေလဲဧရိယာများအတွင်း သစ်တောဖုံးလွှမ်းမှု ပိုမိုအားကောင်းလာစေရန်၊ ဆည်/ရေလှောင်တမံများ ရေရှည်တည်တံ့စေရန်နှင့် ရေဝေရေလဲဧရိယာများအား ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ဒေသခံပြည်သူများ သိရှိစေပြီး ပူးပေါင်းပါဝင်ဆောင်ရွက်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရီမြို့နယ်ရှိ တောင်ညိုကြိုးဝိုင်း၊ အကွက်အမှတ်(၆၀)၊ ချောင်းမကြီးဆည်၊ ရေဝေရေလဲဧရိယာအတွင်း၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကို ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနကြီးမှူးများနှင့် နေပြည်တော် အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကျင်းပ

အရည်အချင်းပြည့်မီသော ‌မျိုးဆက်သစ်ထူးချွန်အားကစားသမားများ ပေါ်ထွန်းလာစေရန်အတွက် ၂၀၂၄ ခုနှစ်၊ ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၃)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ယမန်နေ့ညနေ ၃ နာရီက ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်သည်။

မိုင်းရှူးမြို့နယ်၊ ရတနာမြေ (တောင်ပေါ်) တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ ရတနာမြေ (တောင်ပေါ်) တွင် ကျောက်မျက်တူးဖော်ရေးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ "၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ" အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက လုပ်ကွက်အမှတ်(၁၇၆)နှင့် (၁၇၇)၌ ကျင်းပခဲ့သည်။

လင်းခေးမြို့နယ် ဝမ်ကွန်ကျေးရွာ၌ "ပွဲစွမ်ခွမ်"ခေါ် ရိုးရာမိုးခေါ်ပွဲကျင်းပ

လင်းခေးမြို့နယ် ဝမ်ကွန်ကျေးရွာ၌ "ပွဲစွမ်ခွမ်"ခေါ် ရိုးရာမိုးခေါ်ပွဲကျင်းပ လင်းခေး ဇွန် ၈ စိုင်းဇော်လတ်(လင်းခေး)

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ (၃၁) ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ဗုဒ္ဓသာသနာ‌တော် အဓွန့်ရှည်တည်တံ့စေရန် ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော (၃၁) ကြိမ်မြောက် အစိုးရနိကယ် စာမေးပွဲကို အမှတ်(၄၂)ရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်ရှိ သာသနာ့ဗိမာန်တော်တွင် ယမန်နေ့ နေ့လယ် ၁၂ နာရီတွင် စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
Subscribe to