သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အထူးအလေးထားဆောင်ရွက်
ကမ္ဘာ့နိုင်ငံများတွင် (၁၀)နှစ်လျှင်တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူလျက်ရှိပြီး လက်ရှိနိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလအတွင်း နောက်ဆုံးအခြေအနေနှင့် ကိုက်ညီသည့် အချက်အလက်များရရှိနိုင်ရန် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် သန်းခေါင်းစာရင်းကောက်ယူခြင်း လုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ရာ ယမန်နေ့နံနက် ၁၀ နာရီက ပြည်နယ်သန်းခေါင်းစာရင်း ကြီးကြပ်မှုကော်မတီနှင့် ပြည်နယ်သန်းခေါင်စာရင်းကော်မတီ၏ (၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။