ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် သန့်ရှင်းရေးဆောင်ရွက်ပေးနေမှုအား လေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မြင့်သောင်းနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေး

မိတ္ထီလာ ဇွန် ၈

မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ကျောင်းဝင်းအတွင်းရှိ ချုံနွယ်များ၊ အမှိုက်များ၊ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ရန်မျိုးအောင်ရပ်ကွက် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ စုပေါင်း၍ သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ တပ်မတော်သားများ၊ ဌာန ဆိုင်ရာများ၊ ဆရာ၊ ဆရာမများက ကျောင်းဝင်းအတွင်းရှိ အမှိုက်များ၊ မြက်ပင်များ၊ ချုံနွယ်များ၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း ကျောင်းတွင်းသန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက် ခဲ့ကြသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို မြေပြင်အတက်သင် လေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မြင့်သောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။                                                 

သိန်းမြင့်ကျော် (မိတ္ထီလာ)