ပဲခူးမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်
ပဲခူးတိုင်းဒသကြီးလူမှုဝန်ထမ်းဦးစီးဌာနနှင့် ပဲခူးမြို့အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း YMBA ခန်းမ၌ ကျင်းပပြုလုပ်သည်။