ရန်ကုန်တိုင်းဒေသကြီး၌ ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၁/၂ဝ၂၄)ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၌ ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၁/၂ဝ၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဥပဒေအရာရှိများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် (၃၁) ကြိမ်မြောက် နိကာယ်စာမေးပွဲဖြေဆို

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် (၃၁) ကြိမ်မြောက် နိကာယ်စာမေးပွဲကို ဇွန် ၇ ရက် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီထိ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ဆုတောင်းပြည့် အတုလအောင်ဇေယျုံ (ဦးဘိုးလှဘုရား) စေတီတော်ဝန်းအတွင်းရှိ ဓမ္မာရုံ၌ ကျင်းပကြောင်း သိရသည်။

သာကေတမြို့နယ်တွင် ကျောင်းဖွင့်ရာသီ၌ ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူတိုင်း ကျောင်းအပ်နှံရေး စည်းရုံးလှုံ့ဆော်ခြင်းနှင့် ပြည်သူငြိမ်းချမ်းရေး ဂမ္ဘီရ၊ ဝေဒ၊ သုတ၊ ရသသတင်းစုံ ဂျာနယ်မိတ်ဆက်ပွဲ အခမ်းအနားကျင်းပ

သာကေတမြို့နယ် စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသည့် ကျောင်းဖွင့်ရာသီတွင် ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူတိုင်း ကျောင်းအပ်နိုင်ရေး စည်းရုံး နှိုးဆော်ခြင်း၊ ပြည်သူငြိမ်းချမ်းရေး ဂမ္ဘီရ၊ ဝေဒ၊ သုတ၊ ရသ သတင်းစုံဂျာနယ်နှင့် ပြည်သူငြိမ်းချမ်းရေးပန်းတိုင်ဂျာနယ် မိတ်ဆက်ပွဲကို ဇွန် ၆ ရက် မွန်းလွဲ ၁၂ နာရီခွဲက သာကေတမြို့နယ် ​၆/အနောက်ရပ်ကွက် ဇမ္ဗူသီရိလမ်းရှိ ဇမ္ဗူပညာစာကြည့်တိုက်၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ အလင်္ကာကျော်စွာ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)၊ မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)အတွင်းရေးမှူး မောင်ငြိမ်းသူ(ကြို့ပင်ကောက်)နှင့်အဖွဲ့ဝင်များ၊ စာပေညီအစ်ကိုမောင်နှမများ၊ အ.မ.က(၁၄)၊ အ.မ.က (၂၅) ကျောင်းအုပ်ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

သာကေတမြို့နယ်တွင် (၃၁) ကြိမ်မြောက် နိကာယ်စာမေးပွဲဖြေဆို

သာကေတမြို့နယ်တွင် သာသနာရေးဦးစီးဋ္ဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် (၃၁) ကြိမ်မြောက် နိကာယ်စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီထိ သာကေတမြို့နယ် ဇိနမာရ်အောင်စေတီတော်ဝန်းအတွင်းရှိ ဝိမုတ္တိရသဓမ္မာရုံ၌ ဆင်ယင်ကျင်းပဖြေဆိုရာ နိကာယ် စာမေးပွဲတွင် အုပ်စု (၁) ၌ (၁၄၂) ပါး၊ အုပ်စု (၂) ၌ (၇ ) ပါး၊ အုပ်စု (၃) ၌ (၃) ပါး၊ အုပ်စု (၄) ၌ (၂) ပါး၊ အုပ်စု (၅) ၌ (၉) ပါး၊ အုပ်စု (၈) ၌ (၇ ) ပါး၊ စုစုပေါင်း (၁၇၀) ပါး ဝင်ရောက်ဖြေဆိုတော်မူကြသည်။

မြဝတီမြို့နယ်၌ ယာယီပြောင်းရွှေ့နေထိုင်သူ ပြည်သူများအတွက် ဆန်ရိက္ခာဖိုးများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ သင်္ဃန်းညီနောင်ကျေးရွာနှင့် ရွာသစ်ကျေးရွာတို့တွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဘာသာရေးအဆောက်အဦများသို့ ယာယီပြောင်းရွှေ့ (ထပ်တိုး) ရောက်ရှိလာသည့် ပြည်သူများအား တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ ထောက်ပံ့ပေးအပ်ခြင်းကို ဇွန် ၆ ရက်က ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ထောင်စု တစ်စုချင်းအလိုက် ထောက်ပံ့ပေးအပ်သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မြို့ပြ၊ လယ်ယာမြေနှင့်မွေးမြူရေးဇုန်များ စနစ်တကျဖော်ဆောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မြို့ပြ၊ လယ်ယာမြေနှင့် မွေးမြူရေးဇုန်များ စနစ်တကျ ဖော်ဆောင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန်နှင့် ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး (၄/၂၀၂၄) တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး (၄/၂၀၂၄) ကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေး ခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်၊ ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

မုံရွာမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပါ အချက်အလက်များ သိရှိနိုင်စေရေး အသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး လူမှု၀န်ထမ်းဦးစီးဌာနနှင့် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါ အချက်အလက်များအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မုံရွာမြို့ အမှတ်( ၃ )အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြို့နယ်ပေါင်းစုံဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ထားဝယ်မြို့၊ ဖူဆယ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to