ပွင့်ဖြူမြို့နယ်၌ တစ်ပိုင်တစ်နိုင် သိုး/ဆိတ် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသူများ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းနှင့် တွဲဖက်၍ မိသားစုဝင်ငွေတိုးပွားရေးအတွက် တစ်ပိုင်တစ်နိုင် သိုး၊ ဆိတ် မွေးမြူရေးလုပ်ငန်းကိုလည်း မွေးမြူလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ရောင်းချရာတွင်လည်း ဈေးကောင်းရရှိ၍ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကြသည့် ဒေသခံတောင်သူများထံက သိရသည်။

ကြံခင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းပြုလုပ်

ကြံခင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းပြုလုပ် ကြံခင်း စက်တင်ဘာ ၂၅ မြို့နယ် (ပြန်/ဆက်)

လယ်ဝေးမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်း ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာများ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ညောင်ဦးခရိုင်၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲ အချိန်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့၌ ပြည်သူ့နီတိနှင့် (၃၈)ဖြာမင်္ဂလာသိရှိမှု ဆန်းစစ်ချက်ဖြေဆိုပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မြို့ပေါ်ရှိ အခြေခံပညာရေးကျောင်းများမှ ကျောင်းသား/သူများဖြင့် ပြည်သူ့နီတိနှင့် (၃၈)ဖြာမင်္ဂလာသိရှိမှု ဆန်းစစ်ချက်ဖြေဆိုခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

မရမ်းကုန်းမြို့နယ်ကြက်​ခြေနီ​​​စေတနာ့လုပ်အားရှင်များအား ထပ်ဆင့်ချီးမြှင့်ဂုဏ်ပြုပွဲကျင်းပ

ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၌ ရန်ကုန်တိုင်း​ဒေသကြီး ကြက်ခြေနီကြီးကြပ်မှု​ကော်မတီမှကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်ကမ္ဘာ့​ရှေးဦးပြုစုခြင်း​နေ့အထိမ်းအမှတ်​ ရှေးဦးပြုစုခြင်းစွမ်းရည်ပြိုင်ပွဲတွင် မြို့နယ်ဂုဏ်​ဆောင်ဆုတံဆိပ်များ၊ တံခွန်စိုက်ဆုရရှိ​အောင်​ဆောင်ရွက်ခဲ့​သော မြို့နယ်ကြက်​ခြေနီ​​​စေတနာ့လုပ်အားရှင်များအား ထပ်ဆင့်ချီးမြှင့်ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်​နေ့နံနက်ပိုင်းက က​လေးဝ​တောရ​ကျောင်း၊ နာဂလိုဏ်ဂူ၌ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သော အရန်သားဖွား (၆) လ သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်းရှိ (၂) မိုင် ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက် (၀၈:၀၀) အချိန်က တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သော အရန်သားဖွား (၆)လ သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မူလတန်းအဆင့် စာလုံးပေါင်းသတ်ပုံအမှန်ရွေးချယ်ခြင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်စွမ်းရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ မူလတန်းအဆင့် စာလုံးပေါင်းသတ်ပုံအမှန်ရွေးချယ်ခြင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့ နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုင်းလပ်မြို့၌ မူးယစ်ဆေးဝါးအန္တရာယ်များနှင့် ကျန်းမာရေးအသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ် ပြသ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်၌ မူးယစ်ဆေးဝါးအကြောင်းအရာများနှင့် ကျန်းမာရေးအကြောင်း အသိပညာပေး နံရံကပ်စာစောင်များကို ယမန်နေ့တွင် ပြသထားကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဒေသအတွင်း တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းမှ ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ပါလျံဘုန်းတော်ကြီးကျောင်း၌ စက်တင်ဘာ ၂၁  ရက်၊ နံနက် ၁၀  နာရီက ကွင်းဆင်းဆောင်ရွက်သည်။
Subscribe to