ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံ-နဘူးမော်တော်ကားလမ်း၊ လမ်းဘေးဝဲယာ (၄ ဒဿမ၅)ကီလိူမီတာ၌ ၂၀၂၄ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဇော်ရှိန်းအောင်၊ အဖွဲ့ဝင်(၂) ဦးမြတ်စိမ်း၊နှင့်အဖွဲ့ဝင်များ၊ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်များကွပ်ကဲရေးအဖွဲ့ အမှတ်(၂)တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး စောကြာအင်း၊ အမှတ်(၁၀၁၅)နယ်ခြားစောင့်တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူးဝင်းနိုင်စိန်နှင့်တပ်ဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ခံနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ တာပေါင်ကျေးရွာနှင့် အောက်ရေပူကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများက ပူးပေါင်းပါဝင် စိုက်ပျိုးခဲ့ကြသည်။