ဘုတ်ပြင်း ဇွန် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ပထမအကြိမ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်က ဘုတ်ပြင်းမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ ခရိုင်စုပေါင်း ရုံးဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
သစ်ပင်စိုက်ပျိုးပွဲတွင် ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာဝင်းနှင့်လမ်းဦးစီးဌာနဝင်းအတွင်း စိုက်ပျိုးမည့် ပျိုးပင်များကို တက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများအား ပျိုးပင်များ အသီးသီး ပေးအပ်ခဲ့သည်။
ယင်းနောက် ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက ခရေပင် (၉၂)ပင်၊ မန်ဂျန်ရှားပင်(၅၃)ပင်၊ ထိုင်ဝမ်ဗန်ဒါပင်(၁၈)ပင်၊ အာဆီယံသပြေပင်(၁၂)ပင်၊ ကံကော်ပင် (၄)ပင်၊ အုန်းပင်(၆)ပင်၊ သရက်ပင်(၄)ပင်၊ ကွမ်းသီးပင်(၂)ပင်၊ မြေခွေးဖင်မြီးပင်(၁၆)ပင် စုစုပေါင်း ပျိုးပင်(၂၀၇)ပင်ကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာဝင်းနှင့် ခရိုင်လမ်းဦးစီးဌာနဝင်းအတွင်း စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)