ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်(ဆိပ်ကမ်း)မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှုး ဦးအေးကျော်ဦးဆောင်၍ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၈၈) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် (၁၀) နာရီက စာပေချစ်သူများအသင်း (Book Club)နှင့် လူငယ်အသင်း(Youth Club)တို့ ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း”စာအုပ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရွှေစင်ရွှေပြားကပ်လှူနိုင်ရေး ဒုတိယအကြိမ် အလှူတော်ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော်၊ ဥပ္ပါတသန္တိကုန်းတော်ပေါ်၌ တည်ထားကိုးကွယ်လျက်ရှိသည့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပထမဖောင်းရစ်ဧရိယာ ၃၄၈၅ စတုရန်းပေအား ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်နိုင်ရန် ဒုတိယအကြိမ် အလှူတော်ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီတွင် အဆိုပါ စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများနှင့်အတူ ကျောက်ဆည်မြို့ ပြည်သူ့အားကစားကွင်းအား ကြည့်ရှုစစ်ဆေး၊ ဝန်ထမ်းများနှင့်တွေ့ဆုံ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ယမန်နေ့နံနက် (၁၀)နာရီက တာဝန်ရှိသူများနှင့်အတူ ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်အုပ်စု၊ အောက်ချိုင်းရပ်ကွက်အတွင်းရှိ မြို့နယ်ပြည့်သူ့အားကစားကွင်းသို့ရောက်ရှိပြီး အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားခန်းမသို့ လှည့်လည်ကြည့်ရှုခဲ့ရာ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ထူးနှင့် မြို့နယ်အားကစားမှူး ဦးဝေမင်းတို့ လက်ရှိဆောင်ရွက်ထားသည့် အားကစားကွင်းများအား လိုက်ပါရှင်းလင်းပြသခဲ့ပြီး ဒုတိယဝန်ကြီးက ပြုပြင်ရန်လိုအပ်လျက်ရှိသော ဘောလုံးကွင်းပတ် ရေနုတ်မြောင်းအား ပြန်လည်ပြုပြင်သွားနိုင်ရေး လုပ်ဆောင်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့နယ်၌ ကမ္ဘာ့သွေးလှူရှင်များနေ့အကြောင်း အသိပညာပေး Talk Show ကျင်းပ

ကော့မှူးမြို့နယ်၌ ကမ္ဘာ့သွေးလှူရှင်များနေ့အကြောင်း အသိပညာပေး Talk Show ကျင်းပ ကော့မှူး ဇွန် ၁၆ ကျော်သူရ (ကော့မှူး)

ဆီဆိုင်မြို့၌ မြို့လုံးကျွတ် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ မြို့လုံးကျွတ် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကို ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက ဆီဆိုင်မြို့၊ မြကန်သာရပ်ကွက်ရှိ အောင်စံပြည့်ညီသမိုင်းဝင် မွေတော်ဘုရား၌ ကျင်းပခဲ့သည်။
Subscribe to