မြန်အောင်မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ နှင့်ဌာနဆိုင်ရာများ ကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လဟာပေါက်ကျေးရွာအုပ်စု လဟာပေါက်ကျေးရွာဘုန်းတော်ကြီး ကျောင်းဓမ္မာရုံနှင့် ဇီးဖြူကုန်းကျေးရွာအုပ်စု မန်ကျည်းကွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတို့တွင် ယမန်နေ့နေ့လည်က မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများတွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်ဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။