ဖျာပုံမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး၊ အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ လူထုအခြေ ပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး၊ အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ် စာစောင်ပြသဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများ ကာယဥာဏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန် ရည်ရွယ်၍ ယမန်နေ့ နေ့လယ်ပိုင်းအချိန်က အဆိုပါရုံးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

တောင်ကြီးမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ဒေသစိမ်းလန်းစိုပြည်သာယာစေခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုကာကွယ်ခြင်းကို အထောက်အကူဖြစ်စေရန်၊ ဒေသခံပြည်သူများ သစ်တောသစ်ပင်များ၏ ကျေးဇူးတရားများ သိရှိလာနိုင်စေရန်နှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်၊ သဘာဝသစ်တောများ၏ အရည်သွေးမြင့်တက်လာပြီး အဆင့်အတန်းမြင့်မားလာစေရန် တောင်ကြီးမြို့၊ မြေအောက်ရေဖြည့်ဆည်းထိန်းသိမ်းနိုင်ရေး အထောက်အကူပြုစေရန် ရည်ရွယ်ချက်ဖြင့် တောင်ကြီးမြို့တွင် ယမန်နေ့နံနက် (၈)နာရီခွဲက တောင်ကြီး(ထင်း)ကြိုးဝိုင်းအတွင်း၊ လွိုင်ခမ်းအိမ်ရာစီမံကိန်းနှင့်မျက်နှာချင်းဆိုင်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့၊ အ.လ.က (ခွဲ) မြို့သစ်ကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် လူငယ်များအသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေကြည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အ.လ.က(ခွဲ) မြို့သစ်ကျောင်း၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မော်လမြိုင်ကျွန်းမြို့ တယ်ချောင်းကျေးရွာတွင် နယ်လှည့်ဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊‌ မော်လမြိုင်ကျွန်းမြို့နယ် တယ်ချောင်းကျေးရွာတွင် နယ်လှည့်ဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များပြသ‌ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က တယ်ချောင်းကျေးရွာ အခြေခံမူလတန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ဝေးမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ပျံချီ)၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင်  လယ်ဝေးမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ပျံချီ) ကျောင်းဝင်း အတွင်း၊ အပြင်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဆရာ/ ဆရာမများက ပတ်ဝန်းကျင်သန့်ရှင်းသာယာရေး၊ ချုံနွယ်များ၊ ပေါင်းမြက်များ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။

မြစ်သားမြို့နယ်တွင် မိုးရာသီအကြို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား (ဂိုးလတ်ဘောလုံးပြိုင်ပွဲ) ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မိုးရာသီအကြို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား (ဂိုးလတ်ဘောလုံးပြိုင်ပွဲ) ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၄)နာရီအချိန်က မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဗိုလ်လုပွဲကို ရီးရဲလ်အသင်းနှင့် ကောင်းလိုက် (က)အသင်းတို့ စတင်ယှဥ်ပြိုင်ခဲ့ရာ ကောင်းလိုက် (က) အသင်းမှ (၂)ဂိုး၊ ရီရဲလ်အသင်းမှ (၁)ဂိုးရရှိသောကြောင့် ကောင်းလိုက်(က) အသင်းမှ ပထမဆု ဆွတ်ခူးရရှိခဲ့သည်။

မော်လမြိုင်မြို့နယ်တွင် စပါးမျိုးစေ့ချ ကိရိယာပေးအပ်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် လယ်ယာလုပ်တောင်သူများ အသုံးပြုနိုင်ရန် စပါးမျိုးစေ့ချ ကိရိယာပေးအပ်ပွဲအခမ်းအနားကို ဇွန် ၁၄ ရက် နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (ပြင်ဦးလွင်ခရိုင်ရုံးခွဲ) ၏ AML / CFT ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အိမ်ခြံမြေပညာပေး သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း (ပြင်ဦးလွင်ခရိုင်ရုံးခွဲ) ၏ AML/CFT ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အိမ်ခြံမြေပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီ ၃၀ အချိန်က ရပ်ကွက်ကြီး (၅)ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် အိမ်ခြံမြေအကျိုးဆောင်များ တက်ရောက်ခဲ့ကြသည်။

အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်လုပ်ကိုင်သူများအား အသိပညာမြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်လုပ်ကိုင်သူများအား အသိပညာမြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ရာမညဟိုတယ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တုရောင်းဝယ်သူများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊  ပြည်နယ်/ခရိုင်အဆင့် အိမ်ခြံမြေအကျိုးတော်ဆောင်များနှင့် အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်သူများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ မွန်ပြည်နယ်ရှိအိမ်ခြံမြေအကျိုးတော်ဆောင်များနှင့် အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

ဖြူးမြို့နယ်၌ မိုးစပါးစိုက်ပျိုးမှု လျာထားချက်ပြည့်မီရေးနှင့် အထွက်နှုန်းတိုးရေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌(၂၀၂၄-၂၀၂၅)ခုနှစ်၊ မိုးစပါးစိုက်ပျိုးရန် (၁၅၁၁၈၇)ဧကလျာထားပြီး လျာထားစိုက်ဧကပြည့်မီရေးနှင့် အထွက်နှုန်းကောင်းရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
Subscribe to