ကျိုင်းတုံမြို့ အ.ထ.က(ခွဲ)အ.လ.က(အ.လ.က ၃)၌ လူငယ်စကားဝိုင်း ပြုလုပ်

ကျိုင်းတုံမြို့ အ.ထ.က(ခွဲ)အ.လ.က(အ.လ.က ၃)၌ လူငယ်စကားဝိုင်း ပြုလုပ် ကျိုင်းတုံ စက်တင်ဘာ ၂၅ အောင်ဇင်မြင့် (ပြန်/ဆက်)

ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာတွင် တောင်သူနည်းပညာပေးဆွေးနွေးပွဲပြုလုပ်

လူမှုစီးပွားတိုးတက်ဖို့ မျိုးကောင်းမျိုးသန့်သုံးကြစို့ဆောင်ပုဒ်နှင့်အညီစိုက်ပျိုးရေးဦးစီးဌာနမှ အရည်အသွေးကောင်းသော သွင်းအားစုများမှန်ကန်စွာထည့်သွင်းသုံးစွဲ၍ အရည်အသွေးပြည့်မီသော သီးနှံများထုတ်လုပ်ရာတွင်အဆင်ပြေစေရေးအတွက် ယနေ့နံနက်က ချောင်းဆုံမြို့နယ်၊ ကမာမိုကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက တောင်သူများအား ဆောင်းသီးနှံစိုက်ပျိုးခြင်း၊ သီးနှံဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး ပညာပေးဆောင်ရွက်ခဲ့ကြသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီ၏ ဒုတိယ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မုံရွာခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

မိုင်းရှူးမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း ၌ ဆောင်ရွက်ခဲ့သည်။

ပေါက်ခေါင်းမြို့နယ် အ.ထ.က (ဓမ္မသော်) ၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလားဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် အ.ထ.က (ဓမ္မသော်) ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲကို စက်တင်ဘာ ၂၃ ရက် ညနေပိုင်းက အခြေခံပညာအထက်တန်းကျောင်း (ဓမ္မသော်) အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်၌ မိုးနှမ်းများရိတ်သိမ်းပြီးစီးချိန် ဈေးကောင်းရကာ တောင်သူများ အကျိုးအမြတ်ခံစားလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဇွန်လကစိုက်ပျိုးခဲ့သည့် ဆီထွက်သီးနှံနှမ်းပင်များကို ဩဂုတ်လမှ စတင်ရိတ်သိမ်းခဲ့ရာ ယ​ခုစက်တင်ဘာလ နောက်ဆုံးပတ်တွင် တစ်မြို့နယ်လုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း၊ စတင်ရိတ်သိမ်းချိန်မှ ယနေ့အထိ နှမ်းဈေးကောင်းရရှိ၍ စိုက်ပျိုးတောင်သူများ အကျိုးအမြတ်ခံစားနေရပြီဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

ပူတာအိုဒေသရာသီပေါ် ရမေးရှီး(ခေါ်) ကတွတ်သီးသည် အရသာနှင့် ပြည့်စုံ၍ လူ့ခန္ဓာကိုယ်ကို အကျိုးပြုသော သဘာဝသီးနှံ တစ်မျိုးဖြစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် သဘာဝအလျောက်ပေါက်ရောက်သည့် ဆေးဖက်ဝင်အပင်များ ပေါက်လျက်ရှိသည့်အပြင် သဘာဝအလျောက်ပေါက်ရောက်ပြီး အရသာနှင့်ပြည့်စုံ၍ လူ့ခန္ဓာကိုယ်ကို အကျိုးပြုသော ရမေးရှီး(ခေါ်)ကတွတ်သီးသည် ဒေသထွက်ရာသီပေါ် သဘာဝသီးနှံတစ်မျိုးဖြစ် သည်။

မြောက်ဦးမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိ ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို တောင်ရပ်ရပ်ကွက်ရှိ ဈေးရောင်းချသူပြည်သူများအား ယနေ့ နံနက် ၁၀ နာရီကအချိန်က အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Subscribe to