စေတုတ္တရာ ဇွန် ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အခြေခံပညာဦးစီးဌာနရှိကျောင်းများမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မူလတန်း၊ အလယ်တန်း၊ အထက်တန်းသင် ဆရာ၊ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းကို အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲနှင့် နယ်မြေအလိုက် သက်ဆိုင်ရာကျောင်းများတွင် ယမန်နေ့နံနက် (၉)နာရီအချိန်တွင် ဆွေးနွေးခြင်းသင်တန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သင်တန်းကို မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်းသင် ဆရာ၊ ဆရာမများအား မိမိတို့သင်ကြားပြသရာဘာသာရပ်များ၌ စွမ်းရည်မြင့်မားစေရန်၊ ကျွမ်းကျင်မှုများရှိစေရန်နှင့် လုပ်ငန်းများတိုးတက်မှုရှိစေရန်အတွက် တစ်ဦးနှင့်တစ်ဦးဆွေးနွေးခြင်း၊ မွမ်းမံသင်တန်းတွင် ဦးဆောင်ဆွေးနွေးသူ ဆရာ၊ ဆရာမများမှ ပြန်လည်၍ သင်တန်းပို့ချဆွေးနွေးကြကြောင်း သိရသည်။ ၎င်းဆွေးနွေးမှုသင်တန်းများ ဆောင်ရွက်ရာ၌ အခြေခံပညာဦးစီးဌာနမှမြို့ နယ်ပညာရေးမှူး ဦးသန်းမြိုင်နှင့် တာဝန်ရှိသူတို့က ကြီးကြပ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းကို စေတုတ္တရာမြို့နယ်ရှိ အထက်တန်းသင်ကျောင်း (၂၃)ကျောင်း၊ အလယ်တန်းသင် (၃၉)ကျောင်း၊ မူလတန်းသင် (၃၉) ကျောင်း၊ စုစုပေါင်း (၁၀၁)ကျောင်းမှ ဆရာ၊ ဆရာမများက သင်တန်းတက်ရောက်ဆွေးနွေးခြင်းဖြစ်ပြီး သင်တန်းကို အပတ်စဉ် စနေနေ့တိုင်း ရက်သတ္တပတ် (၅)ပတ်ကြာ သင်ကြားဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)