မရမ်းကုန်းမြို့နယ်၌ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ တွဲဖက်သင်ကြားမည့် အခြေခံပညာအထက်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု အသိပညာပေး ဟောပြောပွဲကျင်းပ
၂၀၂၃- ၂၀၂၄ ပညာသင်နှစ် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး တွဲဖက်သင်ကြားမည့် အခြေခံပညာ အထက်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု အသိပညာပေး ဟောပြောဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ စန္ဒိမာခန်းမ၌ကျင်းပခဲ့သည်။