မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို သတ်မှတ်စျေးနှုန်းဖြင့်ရောင်းချပေး

မြန်အောင် ဇွန် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ စားအုန်းဆီများကို အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ အခြေခံအိမ် ထောင်စုများအား ယမန်နေ့ နံနက်က စားအုန်းဆီတစ်ပိသာ ၅၈၈၁ ကျပ်နှုန်းဖြင့် စားအုန်းဆီ ပိဿာ ၄၅၀ ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အခြေခံအိမ်ထောင်စုဝင်များကို စားအုန်းဆီ ရောင်းချပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမြင့်နိုင်၊ မြန်အောင် မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းဇော်ဦး၊ မြို့နယ်စားသုံးသူရေးရ ာဦးစီးဌာန ဦးစီးမှူး ဦးမြင့်အောင်နှင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖတို့က ကြည့်ရှု အားပေးကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ဒေသခံပြည်သူများ အခြေခံစားသောက်ကုန် စားအုန်းဆီ သတ်မှတ်ရည်ညွှန်းစျေးဖြင့် ဝယ်ယူနိုင်ရန်  မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ကုန်စုံဆိုင်များကိုသတ် မှတ်ရည်ညွှန်းစျေးဖြင့် အလှည့်ကျ ဖြန့်ဖြူရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 ဝင်းဗိုလ် (ပြန်/ဆက်)