မိတ္ထီလာမြို့နယ်တွင်  အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မော်တာအပ်ချုပ်စက်နည်းပညာ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ  

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မော်တာအပ်ချုပ်စက်နည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်က အဆိုပါသင်တန်းကျောင်းရှိ လေ့ကျင့်ပျိုးထောင်ရေး စင်တာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဟင်္သာတမြို့နယ် ဘုရားကုန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ဘုရားကုန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ပညာရေး၊ စားသုံးသူရေးရာ၊ အား/ကာ၊ ပြန်/ဆက်ဌာနများ ပူးပေါင်းကာ လူငယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

သရက်မြို့ မြို့မဈေးအတွင်း ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးခြင်းနှင့်၊ ပလတ်စတစ်ညစ်ညမ်းမှုလျော့ချရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အင်ဖက်များ အခမဲ့ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး၊ မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ပလတ်စတစ်အိတ်၊ ကြွတ်ကြွတ်အိတ် အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း (Campaign) နှင့် အင်ဖက်များ အခမဲ့ ဖြန့်ဝေခြင်းနှင့် ပလတ်စတစ်ညစ်ညမ်းမှုလျော့ချရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ အင်ဖက်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်(၈:၃၀)နာရီက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။

မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ ဆက်လက်ရေကျော်ကျမှုမရှိ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စက်တင်ဘာလဆန်းပိုင်းမှစတင်၍ မိုးများ အဆက်မပြတ် ရွာသွန်းမှုကြောင့် ဆဒ္ဒန်ဆည်ရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်ကျမှုများရှိခဲ့ရာ ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ရေပိုလွှဲမှ ဆက်လက်ရေကျော်ကျမှုမရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

မင်းတုန်းမြို့ စည်ပင်သာယာဈေးတွင် ပလတ်စတစ်အိတ်မသုံးစွဲရေး လှုပ်ရှားမှု ဆောင်ရွက်

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့ စည်ပင်သာယာဈေးတွင် ယနေ့နံနက် ၇ နာရီက တနင်္လာနေ့တိုင်း ပလပ်စတစ်အိတ်မသုံးစွဲရေးလှုပ်ရှားမှုအဖြစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြသည်။

သရက်မြို့၌ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ထိုးနှံ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ စက်တင်ဘာ ၁၈ ရက် နေ့တွင် စတင်ထိုးနှံလျက်ရှိရာ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျောင်းအခြေပြု အခြေခံအထက်တန်းနှင့် အလယ်တန်း၊ မူလတန်းတို့တွင် ကာကွယ်ဆေးများ ထိုးနှံလျက်ရှိရာ စက်တင်ဘာ (၂၃) ရက်နေ့ နံနက် (၉:၃၀) နာရီက တပ်တွင်း မူလတန်းကျောင်းမှ ကျောင်းသူများကို ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။

မိုင်းတုံမြို့နယ်တွင် (၆)တန်းသွားစနစ်ဖြင့် စိုက်ပျိုးထားသည့် ဆင်းဧကရီ(၃) မိုးစပါးစိုက်ကွက်များသို့ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၌ (၆) တန်းသွားစနစ်ဖြင့် စိုက်ပျိုးထားသော ဆင်းဧကရီ(၃) မိုးစပါး စိုက်ကွက်များသို့ ယမန်နေ့နံနက် ၁၁:၃၀ နာရီက မိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့များ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့‌ကြောင်း သိရသည်။

မြောင်းမြမြို့နယ်ရှိ ပြင်ရွာနှင့် ဒရယ်ပေါက်ကျေးရွာများ လျှပ်စစ်မီးရရှိရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်လျက်ရှိရာ ပြင်ရွာနှင့် ဒရယ်ပေါက်ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် စက်တင်ဘာလ ၂၃ ရက်နေ့က မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ဝတ္ထနတောဘုရားအစုအဝေးအတွင်းရှိ ဘုရားအမှတ် ၃၅၇ ဂူ ဘုရား အတွင်းရှိ အင်္ဂတေပန်းအလှလက်ရာများနှင့် နံရံပန်းချီများကို လေ့လာနိုင်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ် ဒေသအတွင်း လေ့လာရေး ဘုရားဖူးလာရောက်ခဲ့ပါက ဝတ္ထနတောဘုရားအစုအဝေးအတွင်းရှိ ဘုရားအမှတ် ၃၅၇ ဂူ ဘုရားအတွင်းရှိ အင်္ဂတေပန်းအလှလက်ရာများနှင့် နံရံပန်းချီများကို လေ့လာနိုင်ကြောင်း သိရသည်။       

မိုင်းတုံမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေ ကြီးကြပ်စီမံခန့်ခွဲရေးကော်မတီမှ မွေးမြူရေးအ‌ခြေအနေအား ကွင်းဆင်းကြည့်ရူ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေ  ကြီးကြပ်စီမံခန့်ခွဲရေးကော်မတီဥက္ကဌ ဦးလွင်မိုးနှင့် အဖွဲ့ဝင်များသည် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူး‌ပေါင်း၍  ရက်သတ္တပတ်လှုပ်ရှားမှု အဖြစ် လွယ်ခမ်းလုံကျေးရွာအုပ်စုရှိ ပါခတ်ကျေးရွာတွင် ဝက်မွေးမြူရေးအစုအဖွဲ့၏ ဝက်မွေးမြူရေးအ‌ခြေအနေ၊ ဝက်ကျန်းမာရေးနှင့် ဝက်ခြံများ၊ ပိုးသတ်ဆေးများ လိုက်လံပတ်ဖျန်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်း စစ်ဆေးခဲ့‌ကြောင်း သိရသည်။
Subscribe to