ဗိုလ်တထောင်မြို့နယ်အတွင်းရှိ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသန့်ရှင်းသာယာလှပရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး သန့်ရှင်းရေး ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ ယမန်နေ့နံနက်က ကျောင်းသန့်ရှင်းသာယာလှပစေရေး၊ စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေး၊ ကျောင်းသား/သူများ စိတ်အေးချမ်းစွာ ပညာသင်ယူနိုင်ရေးအတွက် အမှတ်(၁၀)ရပ်ကွက်၊ သိမ်ဖြူလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းကြား၊ (ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် အနော်ရထာလမ်းကြား) အ.ထ.က(၆) စာသင်ကျောင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကြီး၏ ကြီးကြပ်မှုဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ကျိုက်လတ်မြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ‌အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အမှတ်(၅) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း ၁၆ လမ်းမှ ၁၇×၁၈ လမ်းကြားတွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက ဝာာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌  ၂၀၂၄ ခုနှစ်  မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ    

ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ အစိမ်းရောင်မြို့တော်ဖြစ်စေရေးနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေး ရည်ရွယ်ချက်များထားရှိကာ ဒဂုံမြို့သစ်ခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူးဦးဆောင်သော ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၇ နာရီခွဲအချိန်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စိုက်ပျိုး‌မွေးမြူရေး အမှတ်(၁)ရပ်ကွက် ဘုရင့်နောင်လမ်းမကြီး ဝဲ/ယာ ၌ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ရန်ကင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁၄)ရပ်ကွက် မိုးကောင်းဘုရားလမ်းရှိ မဟာသာသနာ့ဗိမာန်ဝင်းအတွင်း၌ ကျင်းပခဲ့သည်။

တာမွေမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား လုံးဝမရရှိသေးသူများအား ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် တာမွေကြီး(ခ)ရပ်ကွက်ရှိ တာမွေဓမ္မာရုံ၌ ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်လဝကမှူး ဒေါ်ဥမ္မာရွှေ ဦးဆောင်သည့်အဖွဲ့မှ တာမွေကြီး(ခ) ရပ်ကွက်အတွင်း နေထိုင်ကြသော နိုင်ငံသားစိစစ်ရေးကတ်ပြား လုံးဝမရရှိသေးသည့် မြန်မာတိုင်းရင်းသားလူမျိုးနွယ်စုများအား ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုးရရှိ နိုင်ရေးအတွက် ပန်းခင်းစီမံချက် အဆင့် (၃)ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လွန်ကျော်ခြံ၌ ဝါသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဝါ Grade ခွဲဝယ်ယူရောင်းဝယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဝါသီးနှံသုတေသနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (လွန်ကျော်) ၌ ဝါသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဝါ Grade ခွဲဝယ်ယူ ရောင်းဝယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဆန်းအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။
Subscribe to