ပွင့်ဖြူမြို့နယ်၌ ဌာနဆိုင်ရာများ စုပေါင်းပြီး စင်္ကြာပန်းဝောာင်းစေတီတော်မြတ်ကြီးတွင် ပြည်သူ့အကျိုးပြု သန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာအနီးရှိ စင်္ကြာပန်းတောင်းစေတီတော်မြတ်ကြီးဝန်းကျင် သန့်ရှင်းသာယာလှပစေရန်နှင့် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းစွာ ဖူးမြော်ကြည်ညိုနိုင်ရန်ရည်ရွယ်၍ စက်တင်ဘာလ (၂၃) ရက်နေ့ နံနက် ၇ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပြည်သူ့အကျိုးပြုသန့်ရှင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

အနာဂတ်မျိုးဆက်သစ်များ အရည်အသွေးပြည့်မီစေရေးနှင့် လူငယ်များဗလငါးတန်ပြည့်မီစေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မြို့သစ်မြို့နယ် ပြည်သူ့ဆေးရုံ၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၇ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ပြုလုပ်ခဲ့သည်။          

ပဲခူးမြို့နယ် အင်းတကော်မြို့တွင် သံဃာအပါး (၂၀၀)အား (၆) ကြိမ်မြောက် ဆီဆွမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အင်းတကော်မြို့တွင် စက်တင်ဘာလ (၂၄) ရက် နေ့လယ်ပိုင်းအချိန်က (၆) ကြိမ်မြောက် ဆီဆွမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။

ချောက်မြို့နယ်၌ ဆေးရုံသန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ဆေးရုံသန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်း​ရေးပြုလုပ်ခြင်းကို စက်တင်ဘာလ (၂၃) ရက်​နေ့ နံနက် (၇) နာရီအချိန်က အမှတ် (၉) ရပ်ကွက်​၊ စျေးရပ်​၊ ချောက်ရေနံဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။

ပျဉ်းမနားမြို့နယ်၌ စားသုံးဆီများကို စားသုံးသူများ လက်ဝယ်အရောက် ရောင်းချပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား စားသုံးဆီဆယ်ပိဿာတစ်ပုံးလျှင် ၄၉၀၀၀ ကျပ်နှုန်းဖြင့် စားသုံးသူများလက်ဝယ်အရောက် စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ရောင်းချပေးလျက်ရှိသည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာတွင် ပလွေးချောင်းရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကာ လူနေအိမ် လေးလုံး ရွှေ့ပြောင်းခဲ့ရမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၂၂ ရက်နေ့ ယနေ့ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာ၌ စက်တင်ဘာ ၂၀ ရက်နေ့ နံနက် ၂ နာရီခွဲအချိန်ခန့်တွင် ပလွေးချောင်းရေ တိုက်စားမှုကြောင့် ကမ်းပါပြိုကာ လူနေအိမ် လေးလုံး ရွှေ့ပြောင်းခဲ့ရမှုအခြေအနေများကို သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။

ကံမမြို့နယ် ကျောက်စောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ကျောက်စောင်း)၌ လူငယ်စကားဝိုင်း ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ကျောက်စောင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ကျောက်စောင်း) ၌  ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့   ပူးပေါင်းစီစဉ်ကျင်းပသော   လူငယ်စကားဝိုင်းဆွေးနွေးပွဲကို   ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ရာ   အထက်တန်း၊      အလယ်တန်း ကျောင်းသား ကျောင်းသူ (၃၀၆)ဦး တက်ရောက်ခဲ့ကြသည်။

လယ်ဝေးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများမှ ပြည်သူ (၇၇၅) ဦးအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပြီးစီး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွေးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက ပြည်သူ့ဆေးရုံဝင်အတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့်ယမန်နေ့ နံနက် ၇ နာရီအချိန် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက ပြည်သူ့ဆေးရုံဝင်အတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြရာ အမှတ်(၃)နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့ခွဲမှူး ရဲမှူးကြီး နေစိုးအေးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
Subscribe to