ရပ်စောက်မြို့၌ ဘွဲ့တံဆိပ်တော်ရ သံဃာတော်များအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲနှင့် ပရိယတ္တိသာသနာနုဂ္ဂဟ စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် အောင်စဉ်ဆုများ ဆပ်ကပ်လှူဒါန်းခြင်းအခမ်းအနား ကျင်းပ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးဝန်ကြီးဌာနမှ ချီးမြှင့်ဆက်ကပ်သော ဘွဲ့တံဆိပ်တော်ရ သံဃာတော်အရှင်သူမြတ် (၃၂) ပါးတို့အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲနှင့် (၇၅)ကြိမ်မြောက် ရပ်စောက်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသန နုဂ္ဂဟ စာအောင်သံဃာတော်များအား စာအောင်လက်မှတ်နှင့် အောင်စဉ်ဆုများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ဇွန်လ ၁၃ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က စူဠာမုနိကုသိုလ်တော်ဘုရားကြီး ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။