တောင်သာမြို့တွင် အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်သာ  ဇွန် ၁၆

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး၍ ကျင်းပပြုလုပ်သည့် ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်တွင် အချိန်ကို အကျိုးရှိစေရန် ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၉)နာရီအချိန်က သင်တန်းဖွင့်ပွဲအခမ်းအနားကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရဲဝင်းအောင်က အင်္ဂလိပ်စာသင်တန်းကာလတလျှောက် ဆရာကြီး၏ သင်ကြားပို့ချခဲ့မှုအား လက်တွေ့ ကျောင်းစာများ၌ အထောက်အကူများ ရရှိမှာဖြစ်သဖြင့်  လေ့လာမှတ်သားထားသင့်ပါကြောင်း၊ လူငယ်များပီပီ အမြဲတမ်းတက်ကြွနေရမှာဖြစ်ကြောင်း၊ ယနေ့လူငယ် နောင်ဝယ်လူကြီးများဖြစ် လာမှာဖြစ်သဖြင့် အနာဂတ်သား ကောင်း/သမီးကောင်းရတနာများဖြစ်လာမှာဖြစ်သဖြင့် ကျောင်းစာ ကို ကြိုးစားသင်ယူပြီး လိမ္မာယဉ်ကျေးကြစေလိုကြောင်းနှင့် နည်းပြဆရာ ဦးစိုးနိုင် အား အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းနည်းပြ ဆရာဦးစိုးနိုင်က ပြောကြားရာတွင် ကျောင်းပိတ်ရက်မှာ ကျောင်းသား၊ ကျောင်းသူများအတွက်  ယခုလိုသင်တန်းကို စီစဉ်ပေးပါသော  ပြန်/ဆက်ဦးစီးဌာနအား  အထူးကျေးဇူးတင်ကြောင်း၊ ကျောင်းသား/ ကျောင်းသူများ  အနေဖြင့်  ဆရာသင်ကြားခဲ့မှု များအား မှတ်သားထားသင့်ကြောင်း၊ ကျောင်းသားအရွယ်မှာ ကျောင်းစာကို  အထူးကြိုးစား  သင်ယူကြစေလိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အခြေခံအင်္ဂလိပ်စာသင်တန်းအား(၈-၆-၂၀၂၄)ရက်နေ့မှ စတင်ဖွင့်လှစ်သည့်နေ့မှစတင် ၍   မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲဝင်းအောင်နှင့် ဝန်ထမ်း များက သင်တန်းတက်လာသူ ကျောင်းသား/ကျောင်းသူများအား အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး သင်တန်းနားချိန်၌ အချိုရည်နှင့်မုန့်များ ဧည့်ခံကျွေးမွေးပြီး သင်တန်းအတွက် လိုအပ်သော သင်ထောက်ကူပစ္စည်းများကိုလည်း ပံ့ပိုးကူညီပေးလျက်ရှိကြောင်းနှင့် ယင်းသင်တန်းကို ဇွန်လ(၈)ရက်နေ့မှ ဇွန်လ(၃၀)ရက်နေ့အထိ နံနက်(၉)နာရီမှ (၁၁)နာရီအထိ အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် ပို့ချဆောင်ရွက်လျက်ရှိပြီးဖြစ်၍ ယင်းသင်တန်းသို့ တောင်သာအခြေခံပညာအထက်တန်းကျောင်းမှ  Grade-12 ကျောင်းသား/ ကျောင်းသူ(၂၀) ဦး  တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)