မော်လမြိုင်မြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

မော်လမြိုင် ဇွန် ၁၆

မွန်ပြည်နယ်၊ မော်လမြိုငါမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူး‌ပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် စာဖတ်ရှိန်မြင့်မားပြီး အသိပညာ ဗဟုသုတတိုးပွားစေရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင် ပြသခြင်းများကို ယမန်နေ့ နေ့လယ်ပိုင်းက အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြ‌သည်။

အသိပညာပေး ဟောပြောရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်နှင့် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းအလုပ်အမှု‌ဆောင် ဦးသန်းဝင်းတို့က မူးယစ်ဆေး၏အန္တရာယ်နှင့် ဆိုးကျိုးများ၊ မူးယစ်ကင်းစင်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် ကျောင်းသူ‌၊ ကျောင်းသားများ ဗဟုသုတတိုးပွားရေးအတွက် ကျောင်းပြင်ပ စာပေများ လေ့လာဖတ်ရှုကြရေးတို့ကို ဟော‌ပြောဆွေးနွေးပြီး ကျောင်းသား ကျောင်းသူများအား စာအုပ်စာစောင်များကို စိတ်ကြိုက်ရွေးချယ် ဖတ်ရှုစေကာ စာဖတ်စွမ်းရည်၊ ယှဉ်ပြိုင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူ၊ ကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များ စသည့် ကလေးများ အသိပညာတိုးပွားရေး စာအုပ်စာပေများနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ မူးယစ်‌ဆေးဝါး အန္တရာယ် သတိပြုကာကွယ်ရေးစသည့် အသိပညာပေး နံရံကပ်စာစောင်များတို့ကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရ သည်။

ခရိုင် (ပြန်/ဆက်)