အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၌ အမျိုးသမီးလူငယ်များအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရုံသာမက လူ့ပတ်ဝန်းကျင်၊ လူ့အသိုက်အဝန်း၌ ရောဂါဘယကင်းဝေးပြီး ကျန်းမာပျော်ရွှင်သည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် အမျိုးသမီးလူငယ်များအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၃)နာရီက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) စာကြည့်တိုက်ခန်းမဆောင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

တပ်ကုန်းမြို့နယ်၌ အခြေခံတရုတ်စကားပြောသင်တန်း(၂/၂၀၂၄) အခမဲ့သင်တန်းဖွင့်လှစ်

ပြည်ထောင်စုနယ်မြ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဘာသာစကားတစ်ခု တတ်ကျွမ်းစေရန်နှင့် သင်တန်းမစမီအချိန်အတွင်း စာအုပ်စာပေများ ဖတ်ရှုလေ့လာပြီး စာပေဗဟုသုတများရရှိစေရန် ရည်ရွယ်ချက်များဖြင့် အခြေခံတရုတ်စကားပြောသင်တန်း (၂/၂၀၂၄) အခမဲ့သင်တန်းကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဖွင့်လှစ်၍ စတင်သင်ကြားခဲ့သည်။

ဈေးကွက်ဝယ်လိုအားကောင်းသည့် ကော်ဖီသီးနှံကို ကရင်ပြည်နယ်တွင် ဧက ၁၀၀၀ တိုးချဲ့စိုက်ပျိုးမည်

ကော်ဖီသီးနှံမှာ တန်ဖိုးမြှင့်သီးနှံတစ်မျိုးဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်မှုပမာဏအရ ရောင်းဝယ်မှုအများဆုံးကုန်စည် စာရင်းတွင်ပါဝင်သည့်အတွက် ဈေးကွက်ဝယ်လိုအားကောင်းသော ကော်ဖီသီးနှံကို ကရင်ပြည်နယ်တွင် ဧက ၁၀၀၀ တိုးချဲ့စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း ဇွန်လ ၁၅ ရက်နေ့နံနက် ၈ နာရီက ဘားအံမြို့နယ် အုန်းတပင် ကျေးရွာအုပ်စု၊ ဗျိုင်းတောင်ကျေးရွာ၌ကျင်းပသည့် ကော်ဖီပျိုးပင်ထောက်ပံ့ပေးအပ်ခြင်းနှင့် ကော်ဖီပင်စုပေါင်းစိုက်ပျိုးပွဲအခမ်းအနားမှ သိရသည်။

ဗန်းမော်မြို့တွင် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ ဗန်းမော်တက္ကသိုလ်သွားလမ်း ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်း ဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်နှင့်အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ နောင်ခိုရပ်ကွက်ရှိ ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ဇွန်လ ၁၅ ရက် နံနက် ၇ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Subscribe to