ရခိုင်ပြည်နယ် မောင်တောမြို့၌ လူငယ်နှင့်ဗလငါးတန် ဖွံ့ဖြိုးစေရေး အသိပညာပေး ဟောပြော
ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် လူငယ်နှင့် ဗလငါးတန် ဖွံ့ဖြိုးစေရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန် အဆိုပါ ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။