မြစ်သားမြို့နယ်တွင် မိုးရာသီအကြို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား (ဂိုးလတ်ဘောလုံးပြိုင်ပွဲ) ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

မြစ်သား ဇွန် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မိုးရာသီအကြို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား (ဂိုးလတ်ဘောလုံးပြိုင်ပွဲ) ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၄)နာရီအချိန်က မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဗိုလ်လုပွဲကို ရီးရဲလ်အသင်းနှင့် ကောင်းလိုက် (က)အသင်းတို့ စတင်ယှဥ်ပြိုင်ခဲ့ရာ ကောင်းလိုက် (က) အသင်းမှ (၂)ဂိုး၊ ရီရဲလ်အသင်းမှ (၁)ဂိုးရရှိသောကြောင့် ကောင်းလိုက်(က) အသင်းမှ ပထမဆု ဆွတ်ခူးရရှိခဲ့သည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားတွင် မြို့နယ်ပညာရေးမှူးရုံး ဒုတိယပညာရေးမှူး ဦးကျော်ဟန်မှ စည်းလုံးညီညွတ်ပျော်ရွှင်စွာ အနိုင်အရှုံးပဓာနမထားဘဲ၊ အားကစားစိတ်ဓာတ်ဖြင့် ကစားခဲ့သည့် အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင့်လွင်ဦးမှ အားကစားသမားလူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေးအတွက် ရည်ရွယ်၍ ဘောလုံး ပြိုင်ပွဲကျင်းပ ဆောင်ရွက်ခဲ့ကြောင်းပြောကြားခဲ့သည်။ ထိုနောက် အုပ်စုပွဲစဥ်ယှဥ်ပြိုင် ခဲ့သော ဘောလုံးအသင်း (၁၀) သင်းအား ပွဲစဥ်တစ်လျှောက် ကောင်းလိုက်(က)အသင်းမှ အကောင်းဆုံးဂိုသမားဆုရရှိသော မောင်ထိုက်ထိုက်လင်းအား မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဦးကျော်သူထွန်းမှ လည်းကောင်း၊ အကောင်းဆုံး ဘောလုံးသမားဆုရရှိခဲ့သော ကောင်းလိုက်(က) အသင်းမှ မောင်ကျော်ဇော်လင်းအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်မှလည်းကောင်း၊ တတိယဆုရရှိခဲ့သော Player အသင်အား  တစ်ဦး ချင်းလည်ဆွဲဆုတံဆိပ်ကို မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးအောင်မင်းကျော်နှင့် ငွေသားဆု (၁)သိန်းကို မြို့နယ်လုပ်ငန်းရှင် ဦးခင်ဇော်ဦးတို့မှ လည်းကောင်း၊ ဒုတိယဆုရရှိသော ရီရဲလ်အသင်း အားတစ်ဦးချင်း လည်ဆွဲဆုတံဆိပ်ကို မြို့နယ်လုပ်ငန်းရှင် ဦးကျော်ကျော်နိုင်နှင့် ငွေသားဆု(၂)သိန်း ကို မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဦးသန့်ဝေဖြိုးတို့မှ လည်းကောင်း၊ ပထမဆုရရှိသော ကောင်းလိုက်(က) အသင်းအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးဦးအောင်ကျော်မိုးနှင့် ငွေသားဆု(၃)သိန်းကို မြို့နယ်ပညာရေးမှူးရုံး ဒုတိယပညာရေးမှူး ဦးကျော်ဟန်နှင့် ဆုဖလားချီးမြှင့်ခြင်းကို  မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင့်လွင်ဦးတို့မှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ခံ အရာရှိများနှင့်ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်နှင့် နည်းပြဆရာများ၊ ကျောင်းသား/ကျောင်းသူများ၊ ‌ဒေသခံပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဦးဝင်းမင်းထွန်း (မြစ်သား)