ငါးသိုင်းချောင်းမြို့၊ အ.လ.က (ခွဲ) မြို့သစ်ကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ငါးသိုင်းချောင်း ဇွန် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် လူငယ်များအသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေကြည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အ.လ.က(ခွဲ) မြို့သစ်ကျောင်း၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးခင်ကြိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဦးခင်မောင်မြင့်က ကျောင်းသား၊ ကျောင်းသူများအား လူငယ်နှင့်ပညာခေါင်းစဥ်ဖြင့်လည်းကောင်း၊  လူကုန်ကူးမှု တားဆီးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနှင့်  ကလေးအလုပ်သမားပပျောက်ရေး အသိပညာများအကြောင်းကို အကျယ်တဝင့် ရှင်းလင်း ဟောပြောခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ချယ်ရီမြင့်က လူငယ်နှင့် အစားအသောက်ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူး ဒေါ်နှင်းနှင်းအေးက အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းနှင့် အခြေခံကိုယ်လက်လေ့ကျင့်လှုပ်ရှားမှုများကို ကျောင်းသား၊ ကျောင်းသူလေးများနှင့် အတူ လက်တွေ့ပြသပေးခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေး များကို လူကုန်ကူးမှုတိုက်ဖျက်ရေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး စာအုပ်စာစောင်များကို ဖတ်ရှုခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)