မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (ပြင်ဦးလွင်ခရိုင်ရုံးခွဲ) ၏ AML / CFT ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အိမ်ခြံမြေပညာပေး သင်တန်းဖွင့်လှစ်

ပြင်ဦးလွင် ဇွန် ၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း (ပြင်ဦးလွင်ခရိုင်ရုံးခွဲ) ၏ AML/CFTပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အိမ်ခြံမြေပညာ ပေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီ ၃၀ အချိန်က ရပ်ကွက်ကြီး (၅)ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့်  အိမ်ခြံမြေအကျိုးဆောင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တာဝန်ရှိသူများမှ AML / CFT ဆိုင်ရာဥပဒေများနှင့် အိမ်ခြံမြေသင်တန်းအမှတ်စဉ် (၃၁/၂၀၂)  ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ပြင်ဦးလွင်ခရိုင်အိမ်ခြံမြေ အကျိုးဆောင်များနှင့် အဖိုးတန်သတ္ထုရောင်းဝယ်သူများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြင်ဦးလွင်ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး (ကိုယ်စား)၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးအသင်း၊ ဗဟိုယာယီဥက္ကဋ္ဌ ဦးနန္ဒကျော်မှ အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ မန္တလေးတိုင်းဒေသကြီးယာယီဥက္ကဋ္ဌ ဦးထွန်းမြင့်မှ နှုတ်ခွန်းဆက် စကားပြောကြားခြင်း၊ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ပြင်ဦးလွင်ခရိုင်ရုံးခွဲ ဥက္ကဋ္ဌ ဦးမျိုးမင်းမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခြင်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ နေပြည်တော် (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးတင့်ဇော်မှ AML/CFT ဆိုင်ရာဥပဒေများအား ‌‌‌ဆွေးနွေးပို့ချခြင်းနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ နေပြည်တော် (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်အောင်မှ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ အား အသီးသီးဆွေးနွေးပို့ချခဲ့ကြသည်။

ဆက်လက်ပြီး တာဝန်ရှိသူများမှ သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်းနှင့် အလှူရှင်များအား ဂုဏ်ပြုလွှာများပေးအပ်ခြင်း၊ ပြင်ဦးလွင်မြို့နယ်၊ မြေစာရင်းဦးစီးဌာနမှ လယ်ယာမြေ ဥပဒေဆိုင်ရာများအားပို့ချခြင်း၊ ပြင်ဦးလွင်မြို့နယ်၊ မြေစာရင်းဦးစီးဌာနမှ စာချုပ်စာတမ်းဥပဒေဆိုင်ရာများအား ပို့ချခြင်းနှင့် ပြင်ဦးလွင်မြို့နယ် အခွန်ဦးစီးဌာနမှ အခွန်ဥပဒေဆိုင်ရာများအား ပို့ချခဲ့ကြကြောင်း သိရသည်။ 

ခရိုင် (ပြန်/ဆက်)