ဖြူး ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌(၂၀၂၄-၂၀၂၅)ခုနှစ်၊ မိုးစပါးစိုက်ပျိုးရန် (၁၅၁၁၈၇)ဧကလျာထားပြီး လျာထားစိုက်ဧကပြည့်မီရေးနှင့် အထွက်နှုန်းကောင်းရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
ဖြူးမြို့နယ်အတွင်း ဒေသနှင့်ကိုက်ညီသည့် အဓိကစိုက်ပျိုးမည့် စပါးမျိုးကွဲများဖြစ်သည့် ဆင်းသုခမျိုး(၇၉၃၂၂)ဧက၊ ရက်(၉၀)မျိုး(၂၂၅၇)ဧက၊ မနောသုခမျိုး(၅၀၄၁၆)ဧက၊ ရတနာတိုးမျိုး (၃၆၅၀)ဧက၊ နှံကောက်မျိုး(၅၉၂၉)ဧက၊ ရွှေနံ့သာပေါ်ဆန်းမျိုး(၅)ဧကYSR-1မျိုး(၁၂၇၁)ဧက၊ YAR-14 မျိုး (၃၁၂၆)ဧက၊ YMR-20မျိုး(၅၂၁၁)ဧက၊ စုစုပေါင်း(၁၅၁၁၈၇)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါမျိုးကွဲများအား စိုက်ပျိုးရာတွင် စိုက်ခင်းစနစ်ဖြင့် (၅၀၂၄၇)ဧက၊ ဘောင်ပျိုးစနစ်ဖြင့် (၁၃၆၄)ဧက၊ ကောက်စိုက်စက်ဖြင့်(၂၀၈၂)ဧက၊ ရိုးရိုးစိုက်ပျိုးစနစ်ဖြင့် (၄၆၈၀၁)ဧက၊ တိုက်ရိုက်မျိုးစေ့ချကိရိယာ Seederဖြင့်(၁၀၀၉၄၀)ဧက စိုက်ပျိုးရန်လျားထားပြီး လက်ရှိအခြေအနေအရ တိုက်ရိုက်မျိုးစေ့ချကိရိယာ Seeder ဖြင့်(၈၃၂၈၀)ဧက စိုက်ပျိုးပြီးစီးကြောင်းနှင့် မိုးစပါး လျာထားမှု ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး၊ စပါးအထွက်နှုန်းကောင်းရေးအတွက် တောင်သူများအား စိုက်နည်းစနစ်များ အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးနေကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)