သာကေတမြို့နယ်တွင် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ Bill Board စိုက်ထူပွဲ အခမ်းအနား ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ် (၉) ရပ်ကွက်၊ ဧရာဝဏ်လမ်း၌ ယမန်နေ့ နံနက် (၇:၃၀) နာရီအချိန်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီမှ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူဆိုင်ရာ Bill Board စိုက်ထူပွဲအား ကျင်းပခဲ့သည်။