သာကေတမြို့နယ်တွင် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ Bill Board စိုက်ထူပွဲ အခမ်းအနား ကျင်းပ

သာကေတ ဇွန် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ် (၉) ရပ်ကွက်၊ ဧရာဝဏ်လမ်း၌ ယမန်နေ့ နံနက် (၇:၃၀) နာရီအချိန်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အ​ကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ​မှ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူဆိုင်ရာ Bill Board စိုက်ထူပွဲအား ကျင်းပခဲ့သည်။

အဆိုပါ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ Bill Board စိုက်ထူပွဲ အခမ်း အနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသူရိန်ဇော်၊ အဖွဲ့ဝင် (၂) ဦးညွှန့်ဝေ၊ အဖွဲ့ဝင်(၃) လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သာကေတမြို့နယ် ဦးစီးမှူး ဦးကျော်မင်းဦး၊ အတွင်းရေးမှူး ရဲမှူးညွှန့်ဝေနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် လူဦးရေနှင့် သန်းခေါင်စာရင်း ကောင်ယူရေးကော်မတီဝင်များ၊ ရပ်ကွက်အဆင့် လူဦးရေနှင့် သန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်လုံခြုံရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ၂၀၂၄-ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး အသိပညာပေး Bill Board အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းခဲ့ကြသည်။ ထို့နောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများက တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ခရီးသွားလာပြည်သူများအား အသိ ပညာပေးပိုစတာ၊ ရှပ်အင်္ကျီဖြူနှင့် ဦးထုပ်များ ဖြန့်ဝေခဲ့ကြသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ ကောက်ယူဆောင်ရွက်မည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအား သာကေတမြို့နယ်ရှိ ပြည်သူများ ကျယ်ကျန်ပြန့်ပြန့် သိရှိပြီး ပူးပေါင်းပါဝင်ဆောင်လာစေရန်အတွက် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် လူတိုင်းပါဝင်စို့ အကြောင်းအရာ ပါဝင်သည့် Bill Board အား စိုက်ထူ ခြင်းဖြစ်ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)