မြန်အောင်မြို့နယ် စမ်း-ကံကြီး-အင်ပင်လမ်းပေါ်ရှိ သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်း လုပ်ငန်းနှင့် မြန်အောင်-ကွင်းကြီးဒေါင့်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကြည့်ရှုစစ်ဆေး

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဧရာဝတီတိုင်း ဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စမ်း-ကံကြီး-အင်ပင်လမ်းပေါ်ရှိ သံကူကွန်ကရစ် တံတား တည်ဆောက်ခြင်းနှင့် မြန်အောင်-ကွင်းကြီးဒေါင့်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ယမန်နေ့ နေ့လယ်က ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဦးထွေးကိုကို၊ ဟင်္သာတခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကိုကိုသိန်းဇော်လင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကပ်ခိုကျေးရွာအုပ်စု ကွင်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံနှင့် လေးတူးကျေးရွာအုပ်စု လေးတူးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတို့တွင် ယမန်နေ့ နေ့လယ်က မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်ဆင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ဥတ္တရသီရိမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တောင်ညိုကျေးရွာ (ယာယီ) နယ်မြေ မီးသတ်စခန်းတွင် ကျင်းပခဲ့သည်။

နတ်မောက်မြို့နယ်တွင် ငွေပန်းများ စိုက်ပျိုးခူးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ရာသီပေါ်ငွေပန်းများ ခူးယူရောင်းချခြင်းဖြင့် မိသားစုအပို ဝင်ငွေရရှိကြောင်း ငွေပန်းစိုက်ပျိုးရောင်းချသူ ဒေါ်နှင်းရှိန်ထံက သိရသည်။

မိုးမိတ်မြို့နယ်တွင် တော်သလင်းလပြည့်နေ့ ဆွမ်းလောင်းလှူပွဲ ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် တော်သလင်းလပြည့်နေ့ ဆွမ်းလောင်းလှူပွဲကို ယနေ့နံနက် ၆ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အရောင်းအဝယ်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် သာစည်မြို့နယ် သမန်းကန်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ထားသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများအား တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဘီးလင်းမြို့နယ်တွင် ကမ္ဘာ့ခွေးရူးရောဂါကာကွယ် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးရူး ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းမှစတင်ကာ ဘီးလင်းမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနဝန်ထမ်းများမှ မြို့နယ်တွင်းရှိ အိမ်မွေးခွေးများအား ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံဆောင်ရွက်ပေးခဲ့သည်။

လွိုင်လင်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲ ကျင်းပ

ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ လွိုင်လင်မြို့နယ်မီးသတ်ဦးစီးမှူးရုံး မှ ကြီးမှူးဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၃)သင်တန်းဆင်းပွဲကို ယနေ့နံနက် (၀၉:၃၀)နာရီက အဆိုပါရုံး ခန်းမတွင် ပြုလုပ်ပါသည်။

ရေနံချောင်းမြို့ အစိုးရမူလတန်းကြိုကျောင်း၌ ဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ရေနံချောင်း မူလတန်းကြိုကျောင်းမှ သားငယ်သမီးငယ်လေးများ၏ ဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပသည်။

ချမ်းမြသာစည်မြို့နယ် စာရေးဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးကျင်းပ

မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာနရှိ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ချမ်းမြသာစည်မြို့နယ် စာရေးဆရာအသင်း၏ နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to