ဟိုမိန်းမြို့တွင် စာဖတ်ဝိုင်း ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့တွင် စာပေဖတ်ရှုသူ အချင်းချင်း ရင်းနှီးမှုရှိစေရန်၊ စာပေဖတ်ရှုခြင်းမှတဆင့် လူငယ်လူရွယ်များ အသိပညာ ဖလှယ်နိုင်စေရန်၊ စာပေ ဖတ်ရှုခြင်း အလေ့အကျင့်ကောင်းများ ရရှိစေရန် ၊ အသိပညာ ဗဟုသုတ တိုးပွားရရှိစေရန် ရည်ရွယ်၍ စာရေးဆရာလယ်တွင်းသား စောချစ်၏ “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြုလုပ်သည်။