ပန်းတနော်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အ.ထ.က(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပုဇွန်တောင်မြို့နယ် ပုဇွန်တောင်ဈေး၌ စားအုန်းဆီများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပုဇွန်တောင်ဈေး၌ စားအုန်းဆီများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပုဇွန်တောင်ဈေး တာဝန်ခံများ ပူးပေါင်း၍ စားအုန်းဆီ ရောင်းချလျက်ရှိသော ကုန်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းဖြင့် မြေအောက်ရေအသုံးပြု စိုက်ပျိုးသည့် နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာ၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ကျေးလက်လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းဖြင့် မြေအောက်ရေအသုံးပြုပြီး စီးပွားဖြစ်စိုက်ပျိုးထားရှိသော နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း အဆိုပါကျေးရွာရှိ ဒေသခံတောင်သူများထံမှ သိရသည်။

ပန်းတနော်မြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး Abate(အဘိတ်)ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ မိုးဦးကာလရောက်ရှိလာသဖြင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနှင့် ပိုးလောက်လန်းပေါက်ပွားမှုမှကာကွယ်နိုင်ရန် ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာကျောင်းများတွင် အဘိတ်(abate)ဆေးခတ်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဒဂုံမြို့သစ်ခရိုင်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် လူတိုင်းပါဝင်စို့ လူထုအသိပညာပေး Bill Board စိုက်ထူခြင်း အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် လူတိုင်းပါဝင်စို့  လူထုအသိပညာပေး Bill Board စိုက်ထူခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြည်ထောင်စုလမ်းရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ရှေ့တွင်  ကျင်းပပြုလုပ်သည်။

တောင်ဥက္ကလာပမြို့နယ်၌  ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်း‌ခေါင်စာရင်းတွင် လူတိုင်းပါဝင်စို့ လူထုအသိပညာပေး  Bill Board စိုက်ထူပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အများပြည်သူ အသွားအလာများပြီး လူစည်ကားရာနေရာဖြစ်သည့် တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းမကြီးနှင့် သစ္စာလမ်းမကြီး လမ်းဆုံ မီးပွိုင့်အနီးနေရာ၌ ယနေ့ နံနက် ၉ နာရီအချိန်က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ ကောက်ယူမည့် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လူထုအသိပညာပေး လုပ်ငန်းဖြစ်သည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် လူတိုင်းပါဝင်စို့  Bill Board မြေစိုက်ပိုစတာ စိုက်ထူကြောင်း သိရသည်။

မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ ပထမနှစ်၊ ဒုတိယနှစ် သင်တန်းဖွင့်ပွဲနှင့် Certificate in Business Accounting အောင်လက်မှတ် ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ ပထမနှစ်၊ ဒုတိယနှစ် သင်တန်းဖွင့်ပွဲနှင့် ၂ဝ၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် သင်တန်းပြီးမြောက် အောင်မြင်ခဲ့သော သင်တန်းသား/သူများအား Certificate in Business Accounting အောင်လက်မှတ် ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ သမဝါယမ စာရင်းရေး စာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းခန်းမ (ရာမညဆောင်)၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

ကော့သောင်းမြို့တွင် ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ခန်းအကြိုညှိနှိုင်းအစည်းအဝေးပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှကြီးမှူးကျင်းပမည့် ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီခွဲ၌ ကော့သောင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

မကွေးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြော

မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်း၍ အမှိုက်များအား စနစ်တကျခွဲခြားစွန့်ပစ်ခြင်းနှင့် စနစ်တကျသိမ်းဆည်းခြင်းအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက မကွေးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ပန်းဟေဝန်ခန်းမ၌ ကျင်းပသည်။

၂၀၂၄ ခုနှစ် ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား ကျင်းပ

၂၀၂၄ ခုနှစ် ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေးနေ့ (World Day to Combat Desertification and Drought) အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ မြင်စိုင်းကျေးရွာအနီး၊ မြို့ရှောင်လမ်းတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများအတူတကွ စုပေါင်းစိုက်ပျိုးကြသည်။
Subscribe to