ဂန့်ဂေါခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၉/၂၀၂၃)ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေများ ပြန်လည်ထုတ်ပေးခြင်းများကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ပြန်လည်ထုတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများကကျေးရွာများသို့ အရောက်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မြောင်းမြခရိုင် (Community Centre) တွင် ကွန်ပျူတာအခြေခံသင်တန်း (၂/၂၀၂၃) ဖွင့်လှစ်သင်ကြား

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) တွင် ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံထူးချွန် ထက်မြက်သော လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရေးအတွက် ကွန်ပျုတာအခြေခံသင်တန်း (၂/၂၀၂၃) (အခမဲ့)ကို ၂၅-၉-၂၀၂၃ ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြား လျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ငှက်ပျောဈေးကောင်းရရှိနေ၍ ယခုရက်ပိုင်း ရွာသွန်းသည့်မိုးဖြင့် တောင်သူများ ငှက်ပျောစိုက်ပျိုးရေး အားထားလုပ်ကိုင်နေ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ငှက်ပျောဈေးကောင်းရရှိနေသည့်အတွက် ဒေသခံတောင်သူများက ယခုရက်ပိုင်း ရွာသွန်းသည့်မိုးဖြင့် ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းအား စီးပွားဖြစ် အားထားစိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံက သိရသည်။

ရွှေတောင်မြို့နယ်တွင် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ခွေးနှင့်ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် (၁၇)ကြိမ်မြောက်(World Rabies Day) ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ခွေးနှင့်ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မွေးမြူရေးနှင့်ကုသ‌ရေးဦးစီးဌာနကဆောင်ရွက်ခဲ့သည်။

ချောင်းဦးမြို့နယ်တွင် မိုးစပါး ၁၆၀၃၀ ဧက စိုက်ပျိုးပြီးစီး၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ပညာပေးလုပ်ငန်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မိုးစပါးစိုက် တောင်သူများအား ဖိတ်ကြားပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး ပညာပေးလုပ်ငန်းများ ဆောင်ရွက်၍ တိုင်းဒေသကြီး အစိုးရအစီအစဥ်ဖြင့် ရရှိလာသည့် ယူရီးယား မြေသြဇာများအား သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်း(၄)သင်းတို့အား မီးငြှိမ်းသတ်ရေးဝတ်စုံနှင့် ရှာဖွေကယ်ဆယ်ရေးဝတ်စုံများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်း(၄)သင်းတို့အား မီးငြှိမ်းသတ်ရေးဝတ်စုံနှင့် ရှာဖွေကယ်ဆယ်ရေးဝတ်စုံများ ပေးအပ်ပွဲအခမ်းအနားကို ယ​​မန်နေ့ နံနက်(၁ဝး၀၀)အချိန်က မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဘုရင့်နောင်ရှိ မြို့နယ်မီးသတ်စခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျေးသီးမြို့နယ် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း (၁/၂၀၂၃) ဆင်းပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း (၁/၂၀၂၃)ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မီးသတ်ဦးစီးရုံးတွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် ကျေးသီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦးမှ သင်တန်းဆင်း အဖွင့်အမှာစကားပြောကြားရာတွင် မီးသတ်တပ်ဖွဲ့၏ ရည်ရွယ်ချက်ဖြစ်သည့် ပြည်သူလူထုရဲ့ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများ မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်၊၊

ပေါင်းတည်မြို့နယ်၌ အယ်လ်နီညိုနှင့်မွေးမြူရေးအသိပညာပေး ရက်သတ္တပတ်လှုပ်ရှားမှုကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အယ်လ်နီညိုနှင့်မွေးမြူရေးအသိပညာပေး ရက်သတ္တပတ်လှုပ်ရှားမှုကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ညောင်ကပ္ပင်အုပ်စု၊ ကျွဲတဲရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်း စိုက်ပျိုးဖြစ်ထွန်းနေမှုနှင့် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သောလုပ်ငန်းများအား ကွင်းဆင်း စစ်ဆေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ယမန်နေ့ နံနက်(၈)နာရီအချိန်မှ စတင်ကာ မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးဖြစ်ထွန်းမှုများနှင့် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ခရိုင်/ မြို့နယ်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to