မင်္ဂလာတောင်ညွန့် ဇွန် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက်၊ ဗညားဒလလမ်း အ-ထ-က-(၁)ကျောင်းရှေ့တွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူမည့်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးအသိပညာပေး ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယနေ့နံနက်(၀၇း၀၀)အချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဉီးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဉီးမြသိန်းထွန်းနှင့်အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ဆိုင်းဘုတ်အားအမွှေးနံ့သာရေများဖြင့် ပတ်ဖြန်းခဲ့ကြသည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြသိန်းထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များတက်ရောက်ခဲ့ကြပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ပြည်သူအားလုံးပါဝင်လို့သန်းခေါင်စာရင်းကောက်ကြစို့ အသိပညာပေးလက်ကမ်းစာစောင်များ၊ ဉီးထုပ်နှင့်တီရှပ်အင်္ကျီများအား တက်ရောက်လာသူများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)