ရမည်းသင်း ဇွန် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း စားနပ်ရိက္ခာ ၀မ်းစာဖူလုံရေး၊ တောင်သူလယ်သမားများ မျိုးကောင်းမျိုးသန့်များထုတ်လုပ်နိုင်ရေး၊ မျိုးစေ့ထုတ်လုပ်ပြီး တောင်သူများ ၀င်ငွေတိုးပွားစေရေး၊ လယ်ယာထွက်ကုန်များ စျေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးမျိုး ကောင်းမျိုးသန့် စံပြစိုက်ခင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဇွန် (၁၇) ရက် နံနက် (၈) နာရီက ကုလားမျောအုပ်စု၊ ကွင်းအမှတ် (၁၀၆၀) ၊ ဦးပိုင်အမှတ် (၇၄) ၊ နွေစပါး စိုက်ပျိုးထားသည့် တောင်သူ ဦးထွန်းထွန်းဝင်း၏ နွေစပါးစိုက်ခင်း (GW-11) ၅ ဧကစိုက်ခင်းမှ (၀.၁၀) ဧကကို စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
ထိုသို့ ရိတ်သိမ်းရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ကြေတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကြည်ရှူ့အားပေးခဲ့ကြပြီး စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကစပါး အစို (၁၈၀) တင်း ၊ အခြောက် (၁၇၃.၇၂) တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)