ယာဉ်လိုင်းနံပါတ်တူပြီး ပြေးဆွဲပေးသည့် ကုမ္ပဏီမတူသည့် YBS ခရီးသည်တင်ယာဉ်လိုင်းများအား ယာဉ်လိုင်းနံပါတ်အသစ်များဖြင့် ပြောင်းလဲပြေးဆွဲပေးသွားမည်
မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့၌ နေ့စဉ် YBS ခရီးသည်တင်ယာဉ်များ စီးနှင်းပြီး မြို့တွင်းခရီးသွားလာနေကြသည့် ခရီးသွားပြည်သူများအနေဖြင့် မြို့တွင်းခရီးစဉ်များ သွားလာကြရာတွင် ယခင်ကထက် ပိုမိုအဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)၏ စီစဉ်မှုဖြင့် ရန်ကုန်မြို့တွင်း ခရီးစဉ်ပြေးဆွဲပေးလျက်ရှိသော YBS ခရီးသည်တင်ယာဉ်လိုင်းများအနက် ယာဉ်လိုင်းနံပါတ်တူပြီး ပြေးဆွဲပေးသည့် ကုမ္ပဏီမတူသည့် YBS ခရီးသည်တင် ယာဉ်လိုင်းများအား ၂၀၂၃-ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှစတင်ကာ ယာဉ်လိုင်းနံပါတ်အသစ်များဖြင့် ရန်ကုန်မြို့တွင်း စတင် ပြောင်းလဲပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ(YRTC)မှ သိရသည်။