မင်းဘူး(စကု)မြို့နယ်၌ နွေနှမ်းသီးနှံကို ဘောင်ကြီးတင် စိုက်နည်းစနစ်ဖြင့် ပထမဆုံးအကြိမ် စမ်းသပ်စိုက်ပျိုးထားရှိမှု အောင်မြင်ဖြစ်ထွန်း
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၌ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး နွေနှမ်းသီးနှံကို ဘောင်ကြီးတင် စိုက်နည်းစနစ်ဖြင့် ပထမဆုံးအကြိမ် စမ်းသပ်စိုက်ပျိုးထားရှိသည့် တောင်သူပညာပေး သရုပ်ပြစိုက်ခင်း နှစ်ဧကကို တောဘိုကုန်းကျေးရွာ ကွင်းအမှတ် (၁၁၈၉) ရှိ ဒေသခံတောင်သူ ဦးစံမောင်၏ လယ်မြေ၌ စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။