ပေါင်မြို့နယ်၌ တော်သလင်းလပြည့်နေ့(ဂရုဓမ္မအခါတော်နေ့)တွင် မွန်ရိုးရာဆွမ်းတော်တစ်ထောင် တင်လှူပူဇော်ပွဲဓလေ့အား အစဥ်အလာမပျက်ပြုလုပ်
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ တော်သလင်းလပြည့်နေ့(ဂရုဓမ္မအခါတော်နေ့)တွင် မွန်ရိုးရာဆွမ်းတော်တစ်ထောင် တင်လှူပူဇော်ပွဲဓလေ့အား အစဥ်အလာမပျက် ကျင်းပတင်လှူဒါန်းခဲ့ရာ ယနေ့နံနက်(၄)နာရီမှစတင်၍ ပေါင်မြို့နယ်၊ ကျိုက်ပေါင်းဆံတော်ရှင်စေတီတော်မြတ်နှင့် မြို့နယ်အတွင်းရှိဘုရားများနှင့် ဘုန်းတော်ကြီးကျောင်းများ၌ ဘုရားရှင်အားသင်္ဘောပေါ်၌ အသီးနှင့်လှူဖွယ်ပစ္စည်းအမျိုးအမည်တစ်ထောင်ကျော် တင်လှူပူဇော်ခဲ့ကြောင်းသိရသည်။