ညောင်ဦး ဇွန် ၁၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းသော က်သုံးရေလိုအပ်သောကျေး ရွာများသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလှူဒါန်းပေးလျက်ရှိရာ ဇွန် ၁၇ ရက် ၊ နံနက် ၉ နာရီခွဲအချိန်ကသောက်သုံးရေလိုအပ်နေသောကျေးရွာများသို့ သောက်သုံးရေဂါလံ ၁၀၁၀၀ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်သောကျေးရွာများသို့ ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတမိသားစုမှ သောက်သုံးရေများလှူဒါန်းပေးလျက်ရှိရာ ယနေ့တွင်လည်း ပနီတွင်းကျေးရွာ (၁၆၀၀)ဂါလံ၊ စံပြကျေးရွာ(၁၆၀၀)ဂါလံ၊ ထန်းပေါက်ရုံးကျေးရွာ (၁၆၀၀) ဂါလံ၊ ချောင်းရှည်ကျေးရွာ (၁၆၀၀)ဂါလံ၊ နတ်ပလင်ကျေးရွာ(၁၆၀၀)ဂါလံ၊ မန်ကျည်းတန်း တဲတိုက်(၁၆၀၀)၊ ရွှေလှိုင်းကျေးရွာအတွက် (၈၀၀)ဂါလံလှူဒါန်းပေးနိုင်ခဲ့ ရာစုစုပေါင်း (၁၀၁၀၀) ဂါလံလှူဒါန်းပေးခဲ့ကြောင်း အေးမေတ္တာရေအလှူတော်အသင်း တာဝန်ခံ ဦးဝင်းမင်းထွန်းထံကသိရသည်။
ဒီပါလင်း