ဥတ္တရသီရိမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ လိုက်နာစေရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများကျယ်ပြန့်စွာ လိုက်နာစေရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဇလောင်းကျေးရွာအုပ်စု၊ ပျဉ်းမနား-တောင်ညိုကားလမ်းမကြီး (၁၃မိုင် ၆ဖာလုံ)အနီးတွင် ဆောင်ရွက်ခဲ့သည်။