တွံတေး ဇွန် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်သဝန်းတောကျေးရွာအုပ်စု၊ သဝန်းတော ကျေးရွာရှိပညာအလင်းရောင်စာကြည့်တိုက်သို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက ယနေ့နံနက် ၁၀ နာရီမိနစ်၃၀အချိန်က လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက ပညာအလင်းရောင် စာကြည့်တိုက်သို့ရောက်ရှိပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီး ဝန်ကြီးများကစာကြည့်တိုက်အတွင်းလှည့်လည်ကြည့်ရှုကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စာကြည့်တိုက်အတွင်း လိုအပ်ချက်များကိုတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းက ပညာအလင်းရောင် စာကြည့်တိုက်အတွက် စာအုပ်စာစောင်များလှူဒါန်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ကျေးရွာအတွင်း စာဖတ်ပရိတ်သတ်များတက်ရောက်ခဲ့ကြောင်း သိရသည်။
တွံတေးသား