ကျောက်တန်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြော၊ သရုပ်ပြခြင်းအခမ်းအနားအားကျင်းပ

ကျောက်တန်း ဇွန် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ‌သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြော၊ သရုပ်ပြခြင်းအခမ်းအနားကို ကျောက်တန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်း‌ကျောင်း၌ ယမန်နေ့ နံနက်(၁၀:၃၀)အချိန်တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျောက်တန်းမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိဦးအောင်ကျော်ဝင်းမှ အဖွင့်အမှာစကားပြောကြားကာ ဒုမီးသတ်ဦးစီးမှူးဒေါ်စုစုဇင်မှ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာများ ချပြရှင်းလင်းခြင်း/ ဆောင်ရန်/ ရှောင်ရန်/ လိုက်နာရန်အချက်များဆွေးနွေးပြောကြားခြင်း၊ ကျောက်တန်းမြို့နယ်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူးဦးကျော်သူရမျိုးမှ ရှာဖွေ/ကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာတစ်မျိုးခြင်းအလိုက် သုံးစွဲမှုအားတပ်ဖွဲ့ဝင်များနှင့်အတူ ပြသဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းသား/သူ ၂၀၀ ဦးတက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များမေးမြန်းခဲ့ကြကြောင်း သတင်းရရှိသည်။

နေလင်းကျော် (ပြန်ဆက်)